Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ် ပထမနေ့။ ဒေသတွင်းအစွန်းရောက်ဝါဒ၊ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်နှင့် အခြားအဓိကဒစ်ဂျစ်တယ်လူ့အခွင့်အရေးပြဿနာများအကြောင်း စုံညီဆွေးနွေးခန်းများ

This post is also available in: English Thai Indonesian Khmer

အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ်ရဲ့ ပထမနေ့မှာတော့ ပါဝင်သူတွေအနေနဲ့ ဒေသတွင်းမှာ ယနေ့ကြုံတွေ့နေရတဲ့ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးပြဿနာများအကြောင်းဆွေးနွေးမယ့် စုံညီဆွေးနွေးခန်း ၆ ခုအနက်က ၂ ခု သို့မဟုတ် အချိန်ဇယားတစ်ခုလျှင် စုံညီဆွေးနွေးခန်း ၁ ခုနှုန်းနှင့် ပါဝင်ဆွေးနွေးနိုင်ပါတယ်။ စုံညီဆွေးနွေးခန်းများအားလုံးကို အွန်လိုင်းမှတဆင့် အင်္ဂလိပ်ဘာသာစကားဦးစားပေးပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆွေးနွေးခန်းအချုပ်ပြောကြားချိန်မှာ အထူးအစီရင်ခံစာတင်သွင်းသူများကိုဖိတ်ခေါ်ကာ စုံညီဆွေးနွေးခန်း များမှ အနှစ်ချုပ်များကို အခြားအဖွဲ့များနှင့် မျှဝေတင်ဆက်သွားမှာဖြစ်ပါတယ်။

အချိန်ဇယား ၁။ ဘန်ကောက်စံတော်ချိန် ၁၁ နာရီ ၃၀ မိနစ် – ၁၂ နာရီ ၃၀ မိနစ်

စုံညီဆွေးနွေးခန်း ၁။ အာရှ-ပစိဖိတ်ဒေသတွင်း အစွန်းရောက်ဝါဒနှင့် အမုန်းစကားများ

လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ဒစ်ဂျစ်တယ်နည်းပညာများနှင့် လူမျိုးရေး၊ ဘာသာရေးအမုန်းတရားတွေဟာ ယခင်ထက်ပိုပြီးရောယှက်လာခဲ့ပါတယ်။ သည်ဆွေးနွေးခန်းမှာ တက်ကြွလှုပ်ရှားသူများအနေနှင့် သည်ခေတ်ရေစီးကြောင်းကို နားလည်သဘောပေါက်လာနိုင်မှာဖြစ်ပြီး အမုန်းစကားများကို တိုက်ဖျက်နေတဲ့ သရုပ်ဆောင်များဆီကအတွေ့အကြုံတွေကို နားဆင်ရမှာဖြစ်ပါတယ်။

ပြောကြားမည့်သူများ –

  • Noor Huda Ismail၊ အင်ဒိုနီးရှားနိုင်ငံ TheInstitute for International Peace Building တည်ထောင်သူ
  • Bishakha Datta၊ ဂျန်ဒါ၊ လိင်ဖြစ်တည်မှု၊ အမျိုးသမီးအခွင့်အရေးများနှင့်ပတ်သက်ပြီးလုပ်ဆောင်နေသော Point of View အဖွဲ့အစည်း၏ Executive Director
  • Hew Wai Weng၊ မလေးရှားနိုင်ငံ Kebangsaan တက္ကသိုလ် မလေးရှားနှင့်နိုင်ငံတကာဘာသာ သိပ္ပံမှ အနောက်တိုင်းပညာစင်တာ၏ အကြီးအကဲ

စုံညီဆွေးနွေးခန်း ၂။ ဂျန်ဒါတရားမျှတမှုရှင်းတမ်း

အမျိုးသမီးများနှင့် LGBTQIA+ အသိုင်းအဝိုင်းများဟာ သူတို့ရဲ့ရပိုင်ခွင့်တွေကို အပြည့်အဝရရှိဖို့ တားမြစ် ဖိနှိပ်ခံနေရဆဲဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ခေတ်ကာလမှာ သူတို့ဟာ ဂျန်ဒါဗဟိုပြုအကြမ်းဖက်မှု၊ အွန်လိုင်းမှ တဆင့်အနှောင့်အယှက်ပေးမှုနှင့် ဒစ်ဂျစ်တယ်ထောက်လှမ်းမှုတွေခံရနိုင်ခြေပိုများလာကြပါတယ်။

ပြောကြားမည့်သူများ –

  • Rita Baramu၊ စွန့်ပယ်ခံအုပ်စုများအတွက် လုံခြုံပြီးတရားမျှတတဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းများဖြစ်ပေါ်လာစေဖို့ ကမ်ပိန်းများလုပ်ဆောင်နေသည့် Body and Data ၏ Programme Manager
  • Trishia Nashtaran၊ ပုံပြင်ဇာတ်လမ်းများနှင့် ဒီဇိုင်းအတွေးအခေါ်မှတဆင့် ဂျန်ဒါအားလုံးပါဝင်တဲ့အနာဂတ်အတွက် လုပ်ဆောင်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ OGNIE ဖောင်ဒေးရှင်း၏ တည်ထောင်သူဥက္ကဌ

စုံညီဆွေးနွေးခန်း ၃။ တရားမျှတမှုရာသီဥတုနှင့် အင်တာနက် (အာရှ-ပစိဖိတ်ရပ်ဝန်း)

ဂေဟတရားမျှတမှုကိုရှာဖွေရာမှာ ဒစ်ဂျစ်တယ်နှင့်ရင်းနှီးကျွမ်းဝင်တဲ့လူတန်းစားရဲ့ အားကောင်းမှုက ပိုပြီး လွှမ်းမိုးလာပါတယ်။ ရုပ်သံအခြေပြုတက်ကြွလှုပ်ရှားရေးဟာ ထိရောက်မှုအရှိဆုံးဖြစ်လာဖို့ အလားအလာရှိ ပေမယ့် တက်ကြွလှုပ်ရှားသူတွေအနေနှင့် လုပ်ကြံသတင်းများကိုတုံ့ပြန်ရမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ပြောကြားမည့်သူများ –

  • Dr. Samsul Maarif၊ University of Gadjah Mada’s Cener for Religious and Cross-Cultural Studies မှ ဘွဲ့လွန်သတင်းအစီအစဥ်အကြီးအကဲ
  • Imelda Abaño၊ ဖိလစ်ပိုင်နှင့် ပစိဖိတ်ဒေသတွင်းရှိ Internews Earth Journalism Network စီမံကိန်း၏ Senior Coordinator
  • Michael Cañares၊ သြစတေးလျ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ မဲခေါင် – သြစတေးလျမိတ်ဖက်အစီအစဥ်မှ Program Performance and Quality Advisor

အချိန်ဇယား ၂။ ဘန်ကောက်စံတော်ချိန် နေ့လည် ၁ နာရီ ၃၀ မိနစ် – ၂ နာရီ ၃၀ မိနစ်

စုံညီဆွေးနွေးခန်း ၄။ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်နှင့် တောင်ကမ္ဘာခြမ်းအပေါ် ၎င်း၏ အကျိုးသက်ရောက်မှုများ

ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ဟာ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း အစိုးရတွေက နည်းပညာကိုအသုံးချပြီး သတင်းအချက်အလက်နှင့် ပြည်သူတွေရဲ့လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ရာကနေစပြီး အရှိန်မြင့်လာ ပါတယ်။ သည်လုပ်ရပ်တွေဟာ နိုင်ငံသားများကိုထောက်လှမ်းခြင်းအား ပုံမှန်လုပ်ထုံးတစ်ခုကဲ့သို့ဖြစ်လာ စေပြီး လူထုရဲ့အသံကို ကန့်သတ်ခြင်းများ ပိုမိုဆိုးရွားလာစေပါတယ်။

ပြောကြားမည့်သူများ –

  • Damar Juniarto၊ Southeast Asia Freedom of Expression Network (SAFEnet)၏ Executive Director
  • Dr. Janjira Sombatpoonsiri၊ Chulalongkornတက္ကသိုလ် အာရှဘာသာသိပ္ပံ၏ လက်ထောက် ပါမောက္ခ
  • Miraj Ahmed Chowdhury၊ သတင်းအချက်အလက်ဂေဟစနစ်အပြောင်းအလဲနှင့်အလိုက် လိုက်ရောညီထွေလုပ်ဆောင်နေသည့် အဖွဲ့အစည်းများကို ထောက်ပံ့ပေးနေသည့် Digitally Right ကိုတည်ထောင်သူ

စုံညီဆွေးနွေးခန်း ၅။ ဒေတာတရားဥပဒေကို နားလည်ခြင်း

ဒေတာအချက်အလက်ကိုအခြေပြုလာတဲ့လူ့အဖွဲ့အစည်းအရွေ့ဟာ အချို့အတွက် အကျိုးဖြစ်ထွန်းပေမယ့် အချို့တွေကတော့ ထိန်ကျန်ခဲ့ရပါတယ်။ ဒေတာတရားဥပဒေဟာ လူအသိုင်းအဝိုင်းတစ်ခုကို ကိုယ်စားပြုတဲ့ နေရာမှာ မျှတမှုရှိစေဖို့အတွက် ဒေတာအချက်အလက်ကောက်ခံခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အသုံးပြုခြင်း တို့၏နောက်ကွယ်က အာဏာစက်တွေကြောင်း လေ့လာတာဖြစ်ပါတယ်။

ပြောကြားမည့်သူများ

  • Cypri Jehan Paju Dale၊ Kyotoတက္ကသိုလ် အရှေ့တောင်အာရှဘာသာစင်တာမှ သုတေသီ
  • Jun-E Tan၊ မလေးရှားနိုင်ငံ Khazanahသုတသနသိပ္ပံမှ အကြီးတန်းသုတေသီ
  • Smera Jayadeva၊ Alan Turing Institute Data Justice and Global Ethical Futuresအဖွဲ့မှ လက်ထောက်သုတေသီ

စုံညီဆွေးနွေးခန်း ၆။ အာရှ-ပစိဖိတ်ဒေသတွင်း အွန်လိုင်းလုပ်ကြံသတင်းများ

ဒစ်ဂျစ်တယ်ပညာရေးအားနည်းမှုနှင့် နည်းပညာထိပ်သီးပလက်ဖောင်းတွေအပေါ် အခွင့်ကောင်းယူပြီး ဒစ်ဂျစ်တယ်မှောင်ခိုအဖွဲ့အစည်းတွေက ဒုစရိုက်သမားတွေဟာ ဆိုရှယ်မီဒီယာကို အသုံးချကာ သတင်းမှား တွေဖြန့်ဝေပြီး လူထုရဲ့အမြင်ကို ကြိုးကိုင်ခြယ်လှယ်ကြပါတယ်။ ကျွန်ုပ်တို့အနေနှင့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ကို မချိုးဖောက်ပဲ လုပ်ကြံသတင်းများကို ဘယ်လိုတုံ့ပြန်ကြမလဲ။

ပြောကြားမည့်သူများ

  • Fritz Edward Siregar၊ အင်ဒိုနီးရှားနိုင်ငံ Jenteraဥပဒေကျောင်းမှကထိက

Learn more about the keynote panels

Learn more about the Day 2 Breakout Sessions

အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ်တွင် ပါဝင်ရန်

ဖိုရမ်စာရင်းသွင်းဖို့နှင့် ပါဝင်ချင်တဲ့ဆွေးနွေးခန်းတွေကို ရွေးချယ်နိုင်ဖို့အတွက် Forum.EngageMedia.orgမှာ အကောင့်ဖွင့်ပါ။ အောက်ပါညွှန်ကြားချက်များအတိုင်း ပြုလုပ်ပေးပါ။

အဆင့် ၁။ သည်မှာဖောင်ဖြည့်ပြီ အကောင့်ဖန်တီးလိုက်ပါ။

အဆင့် ၂။ သင့်ရဲ့ကိုယ်ရေးအချက်အလက်များ ပြည့်စုံစွာဖြည့်ပါ။

အဆင့် ၃။ ကျွန်ုပ်တို့ရဲ့ ပထမနေ့မှ တတိယနေ့အတွင်း ဆွေးနွေးခန်းများမှ နှစ်သက်ရာကိုရွေးချယ်ပြီး သိမ်းပါ။

Register for the Asia-Pacific Digital Rights Forum

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact