Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

မနီလာစည်းလုံးပွဲ။ ဖိလစ်ပိုင်နိုင်ငံအတွက် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးလုပ်ငန်းစဥ် ပူးပေါင်းဖန်တီးခြင်း

  • 29 March 2023
  • 5:06 pm

This post is also available in: English Thai Indonesian Khmer

EngageMedia ၏ Digital Rights Project Manager Vino Lucero မှ မနီလာစည်းလုံးပွဲတွင် ပြောကြားနေပြီး တက်ရောက်လာသူများမှ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအားပေးထောက်ခံသူများ ၂၀၂၃ ခုနှစ်တွင် ရင်ဆိုင်လာရခြေရျိသည့် ဦးစားပေးပြဿနာရပ်များအား ဆန်းစစ်နေပုံ

ဖိလစ်ပိုင်နိုင်ငံတွင် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအားပေးထောက်ခံသူများသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် တစ်ကိုယ်ရည်လုံခြုံမှုကို ခြိမ်းခြောက်ရန် ဥပဒေများပြဌာန်းခြင်းမှစ၍ လူမှုကွန်ရက်ပေါ်တွင် သတင်းအချက်အလက်များ အစီအစဥ်မကျခြင်းအထိ ခြိမ်းခြောက်မှုများ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ပါသည်။ လွန်ခဲ့သည့် ၂၀၂၃၊ ဇန်နဝါရီ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ် တတိယနေ့ မနီလာစည်းလုံးပွဲတွင် တက်ရောက်လာသူများသည် ၂၀၂၃ ခုနှစ်အတွက် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးလုပ်ငန်းစဥ်တစ်ခုကို ပူးပေါင်းဖန်တီးခဲ့ပြီး ဦးစားပေးဆောင်ရွက်သင့်သည့် ဒစ်ဂျစ်တဘ်လူ့အခွင့်အရေးပြဿနာရပ်များနှင့် ၎င်းပြဿနာရပ်များကို ရင်ဆိုင်ရန် လိုအပ်သည့်ရင်းမြစ်များကို ဆန်းစစ်ခဲ့ကြပါသည်။

သည်ပွဲကို EngageMedia မှ Out of the Box Media Literacy Initiative နှင့်လက်တွဲပူးပေါင်းကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒါကာ၊ ဂျကာတာ၊ ကွာလာလမ်ပူနှင့် မနီလာမြို့တို့ရှိ စည်းလုံးပွဲ ၄ ပွဲနှင့်အတူ တစ်ပြိုင်နက်ကျင်းပခဲ့ပါသည်။ တက်ရောက်ခဲ့သူများအနေဖြင့် လူချင်းစုံညီပွဲများမှ စကားဝိုင်းများကို သည်နေရာမှာ ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်ဖို့ EngageMedia မှာဖိတ်ခေါ်အပ်ပါသည်။ Forum.EngageMedia.org/Discuss

ဖိလစ်ပိုင်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးလုပ်ငန်းစဥ်စာရင်းတွင် မည်သည်တို့ကို ဥိးစားပေးရမည်နည်း။ အချင်းချင်းမျှဝေရန် မည်သည့်ရင်းမြစ်များရှိသနည်း။ အထက်ပါမေးခွန်းများသည် အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ်၏ တတိယနေ့ မနီလာစည်းလုံးပွဲတွင် တက်ရောက်လာသူများ အဖြေရှာရန်ဆုံးဖြတ်ခဲ့သော မေးခွန်းများအနက်မှ အချို့ဖြစ်ပါသည်။

ထိရောက်သည့်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအားပေးထောက်ခံမှုအတွက် နည်းဗျူဟာများပြန်လည်သုံးသပ်ခြင်း

ပွဲကျင်းပချိန်အတွင်း တက်ရောက်လာသူများမှ ပြည်သူများနှင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ၂၀၂၃ ခုနှစ်တွင် ရင်ဆိုင်ကြုံတွေ့နိုင်ခြေရှိသည့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေး ပြဿနာရပ်များကို စာရင်းပြုစုခဲ့ကြပါသည်။ ထိုစာရင်းတွင် အွန်လိုင်းဂျန်ဒါအခြေပြုအကြမ်းဖက်မှု၊ အွန်လိုင်းလုပ်ကြံသတင်းများ၊ အစိုးရထောက်လှမ်းရေးစနစ်၊ ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် တစ်ကိုယ်ရည်လုံခြုံမှုကို ခြိမ်းခြောက်တင်းကြပ်သော ဆိုက်ဘာအသရေဖျက်ဥပဒေ၊ အကြမ်းဖက်မှုပပျောက်ရေးဥပဒေနှင့် ဆင်းမ်ကဒ်မှတ်ပုံတင်ဥပဒေတို့ ပါဝင်ပါသည်။ ထို့အပြင် တက်ရောက်လာသူများမှ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအားပေးထောက်ခံမှုကို သက်ရောက်မှုရှိသော အခြားစိုးရိမ်စရာများဖြစ်သည့် နည်းပညာရရှိနိုင်မှုမရှိခြင်း၊ အများပြည်သူကြား မီဒီယာကျွမ်းကျင်မှုရှားပါးခြင်းနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးလိုအပ်ချက်များအတွက် ထောက်ပံ့ငွေအကန့်အသတ်ရှိခြင်းတို့ကို အလေးထားပြောဆိုခဲ့ပါသည်။

တက်ရောက်လာသူများမှ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးကမ်ပိန်းများကို ပိုမိုအားပေးကူညီရန်နှင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးပြဿနာရပ်များအား အများပြည်သူ အလွယ်တကူသိရှိနိုင်စေဖို့ အဖွဲ့အစည်းများကြိုးပမ်းဆောင်ရွက်ရန် လိုအပ်မှုကို ထောက်ပြပြောဆိုခဲ့ပါသည်။ သည်လိုဆောင်ရွက်ရန် တစ်နည်းကတော့ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအကြောင်း ကြော်ငြာသည့်နည်းဗျူဟာများတွင် ဘာသာစကားနှင့် ယဥ်ကျေးမှုဓလေ့ထုံးတမ်းများ ထည့်သွင်းရန်ဖြစ်ပါသည်။ ဤသို့ပြုလုပ်ရာတွင် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးရင်းမြစ်များအား ဖိလစ်ပိုင်ပြည်သူများ နားလည်နိုင်စေဖို့ ကာလံဒေသံနှင့်လိုက်ဖက်အောင် လုပ်ဆောင်ခြင်းများပါဝင်မှာဖြစ်ပါသည်။

သည်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးခြိမ်းခြောက်မှုများ ရှုပ်ထွေးသည့်ကြားတွင် တက်ရောက်လာသူများမှ ၎င်းတို့၏ လုပ်ငန်းဆောင်တာများ အထိရောက်ဆုံးသက်ရောက်မှုရှိစေရန် နည်းဗျူဟာများအား ပြန်လည်စဥ်းစားသုံးသပ်ပြီး ပူးပေါင်းဖြေရှင်းနည်းအသစ်များထွက်ပေါ်လာရန် နည်းလမ်းများရှာဖွေဖို့ ပြောဆိုခဲ့ကြပါသည်။

လူ့အခွင့်အရေးရင်းမြစ်များနှင့် ဒေသခံပြည်သူများ၏ယဥ်ကျေးမှုတို့ပါဝင်သော အချက်အလက်များတည်ရှိသည့် အစိုးရအေဂျင်စီ၏ အီလက်ထရွန်နစ်စာကြည့်တိုက် မော်ကွန်းတိုက်ကို မျှဝေသုံးစွဲနေသည့် Philippine Commission on Human Rights မှ Monalisa Tabernilla က မိမိတို့အနေဖြင့် လုပ်ဖော်ကိုင်ဖက်များ အမြဲရှာဖွေနေကြောင်း ထောက်ပြပြောဆိုခဲ့ပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထပ်မံချဲ့ထွင်နိုင်သော ဝေမျှခံရင်းမြစ်များတွင် Foundation for Media Alternatives ၏ အွန်လိုင်းဂျန်ဒါအခြေပြုအကြမ်းဖက်မှုနှင့် အခြားဒစ်ဂျစ်တယ်လူ့အခွင့်အရေး ချိုးဖောက်မှုများလမ်းညွှန် နှင့် Human Rights Online Philippines ၏ လူ့အခွင့်အရေးနှင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများနှင့် မီဒီယာအကြောင်းအရာများ မော်ကွန်းတိုက် တို့ပါဝင်ပါသည်။

READ HIGHLIGHTS FROM DAY 1

READ HIGHLIGHTS FROM DAY 2

READ HIGHLIGHTS FROM DAY 3

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact