Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

ဒါကာစည်းလုံးပွဲတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ဂျန်ဒါပြဿနာရပ်များအား အဓိကထားဆွေးနွေး

  • 29 March 2023
  • 4:54 pm

This post is also available in: English Thai Indonesian Khmer

ဒါကာမြို့ လယ်မတ်ရှားရှိ YWCA Conference Hall တွင်ကျင်းပသော EngageMedia နှင့် Digitally Right တို့ပူးတွဲဧည့်ခံသည့် စည်းလုံးပွဲတွင် တက်ရောက်သူများစုဝေးနေပုံ

လွန်ခဲ့သည့် ၂၀၂၃၊ ဇန်နဝါရီ ၁၄ ရက်နေ့က ပညာရှင်များ၊ သတင်းထောက်များ၊ ရှေ့နေများ၊ အမျိုးသမီးတန်းတူဝါဒလှုပ်ရှားသူများနှင့် LGBT အခွင့်အရေးစည်းရုံးသူများ၊ အခြား လူ့အခွင့်အရေးနှင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးတက်ကြွသူများ စုစုပေါင်း လူဦးရေ ၃၀ ကျော်သည် တက်ကြွလှုပ်ရှားသူအချင်းချင်း လူချင်းစုံညီတွေ့ဆုံရန် အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ်၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စည်းလုံးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

EngageMEdia သည် ဤပွဲအခမ်းအနားကို Digitally Right နှင့်ပူးတွဲကျင်းပခြင်းဖြစ်ပါသည်။ သည်ပွဲဟာ ဘန်ကောက်၊ ဂျကာတာ၊ ကွာလာလမ်ပူနှင့် မနီလာမြို့တို့မှ စည်းလုံးပွဲများနှင့် အချိန်တပြေးညီကျင်းပခြင်းဖြစ်ပြီး အပြောင်းအလဲပြုလုပ်သူများအချင်းချင်း တွေ့ဆုံကာ ဒေသတွင်းစည်းလုံးမှုအားကောင်းအောင်တည်ဆောက်နိုင်စေရန်အတွက် နေရာများထောက်ပံ့ပေးဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်ပါသည်။

အွန်လိုင်းမီဒီယာလွတ်လပ်ခွင့်နှင့် ဆင်ဆာစနစ်အကြောင်းဆွေးနွေးခန်းတွင် ပါဝင်ဆွေးနွေးနေသည့် BRAC Univerity’s School of Law မှ အကြီးတန်းကထိက Md. Saimum Reza Talukder

ဘင်္ဂလားဒေ့ရှ်အွန်လိုင်းနယ်ပယ်များတွင် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်

သည်ပွဲကို အွန်လိုင်းမီဒီယာလွတ်လပ်ခွင့်နှင့် ဆင်ဆာစနစ်အကြောင်း ဆွေးနွေးခန်းဖြင့် စတင်ခဲ့ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို တင်းကြပ်ရာတွင် ပါဝင်နေသည့် အဓိကပုဂ္ဂိုလ်များအကြောင်းမှ အခြေခံအခွင့်အရေးများကို ထိပါးခြင်းမရှိပဲ ထုတ်ဖော်ပြောဆိုခွင့်ကို အထိုက်အလျောက်တင်းကြပ်သည့်အပေါ် ဆွေးနွေးမှုများအထိ ပြဿနာရပ်များကို အတူဖြေရှင်းခဲ့ကြပါသည်။

BRAC Univerity’s School of Law မှ အကြီးတန်းကထိက Md. Saimum Reza Talukder မှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ထောက်လှမ်းရေးစနစ်၊ နည်းပညာထိပ်သီးတို့၏ ပလက်ဖောင်းများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရရှိနိုင်ဖို့ ပြည်သူများနှင့် အစိုးရ၏တာဝန်များအကြောင်း ပြောဆိုဆွေးနွေးခဲ့ပါသည်။ ၎င်းမှ အွန်လိုင်းနှင့် မြေပြင်လူ့အခွင့်အရေးများကြား ခွဲခြားသတ်မှတ်ခြင်းမရှိသင့်ကြောင်း ထောက်ပြခဲ့ပါသည်။ မြေပြင်တွေရရှိနေသော လူ့အခွင့်အရေးများအား အွန်လိုင်းပေါ်တွင်ပါရရှိသင့်သည်ဟု ပြောဆိုခဲ့ပါသည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ရှေ့နေ Rezaur Rahman Lenin မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း အင်တာနက်တင်းကြပ်မှုများကို ဥပမာများဖြင့် ထပ်ဆောင်းပြောဆိုခဲ့ပြီး အွန်လိုင်းပေါ်ရှိ အရေးကြီးသောစကားသံများအား တိုက်ခိုက်နေသည့် အစိုးရနှင့် အစိုးရမဟုတ်သော ပုဂ္ဂိုလ်များ၏ အခန်းကဏ္ဍနှင့် လက်ရှိအချိန်တွင် ဦးတည်သွားနေသည့် ထုတ်ဖော်ပြောဆိုရန်တွန့်ဆုတ်မှုတွေအကြောင်း တင်ပြခဲ့ပါသည်။ ၎င်းမှ အန္တရာယ်ရှိသောအကြောင်းအရာများကို တင်းကြပ်ခြင်းနှင့် အရေးကြီးသောစကားသံများထုတ်ဖော်ရန် နေရာများခွင့်ပြုခြင်းနှစ်ခုကြား မျှခြေရှိအောင်ထိန်းသိမ်းဖို့ လမ်းပြစည်းမျဥ်းများကို ဆွေးနွေးခဲ့ပါသေးသည်။

Meye Network တည်ထောင်သူ Trishia Nashtaran နှင့် BRAC Institute of Governance and Development မှ Senior Research Associate Iffat Jahan Antara တို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတို့၏နိုင်ငံရေး၊ အွန်လိုင်းအမုန်းစကားနှင့် အွန်လိုင်း ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတို့အကြောင်း ဆွေးနွေးနေပုံ

အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတို့၏နိုင်ငံရေးနှင့် အွန်လိုင်းဂျန်ဒါအခြေပြု အကြမ်းဖက်မှု

ဒုတိယဆွေးနွေးခန်းမှာတော့ အွန်လိုင်းအမုန်းစကားနှင့် အွန်လိုင်းဂျန်ဒါအခြေပြုအကြမ်းဖက်မှုဆွေးနွေးမှုများဟာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတို့၏ နိုင်ငံရေး၊ လူမှုတရားမျှတရေးလှုပ်ရှားမှုများနှင့် ဒစ်ဂျစ်တယ်နယ်ပယ်အတွင်း ဂျန်ဒါညီမျှမှုအပေါ် အများ၏တုံ့ပြန်မှုတို့အကြောင်း ဆွေးနွေးရန်လမ်းပွင့်စေခဲ့ပါသည်။ တက်ရောက်လာသူများမှ ကမ္ဘာ့တောင်ခြမ်း၊ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းရှိ အွန်လိုင်းအမုန်းစကားများနှင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများ၏ ပုံရိပ်မှန်နှင့် သက်ရောက်မှုများကို ဆွေးနွေးခဲ့ကြပါသည်။ နိုဝင်ဘာ ၂၀၂၁ စစ်တမ်းတစ်ခုအရ ကမ္ဘာ့ကပ်ရောဂါပိုးကာလအတွင်း အွန်လိုင်းဂျန်ဒါအခြေပြု အကြမ်းဖက်ပြစ်မှုများ ပိုမိုများပြားလာခဲ့ပြီး စစ်တမ်းဖြေဆိုသူ ၃၅၉ ဦးအနက် ၆၃.၅၁ ရာခိုင်နှုန်းမှာ ၎င်းတို့ အွန်လိုင်းအကြမ်းဖက်မှုကြုံတွေ့ခဲ့ရကြောင်း ဖြေဆိုထားခဲ့ပါသည်။

သည်ဆွေးနွေးခန်းမှာ ဘင်္ဂလားဒေ့ရှ်မှ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများ စည်းရုံးရေးပလက်ဖောင်းတစ်ခုဖြစ်သည့် Meye Network မှ တက်ကြွလှုပ်ရှားသူ ၃ ဦးမှ ၎င်းတို့၏ စေတနာ့ဝန်ထမ်းအလုပ်နှင့် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးများနှင့် အလုပ်လုပ်ကိုင်ရာတွင် ကျင့်သုံးသော လွတ်လပ်သည့်ပရော်ဖက်ရှင်နယ်ကျင့်ထုံးများအကြောင်း ပြောဆိုခဲ့ကြပါသည်။ Meye Network တည်ထောင်သူ၊ ဘင်္ဂလားဒေ့ရှ် OGNIE ဖောင်ဒေးရှင်း တည်ထောင်သူဥက္ကဌ Trishia Nashtaran မှ Meye Network ကို လွန်ခဲ့သည့် ၁၀ နှစ်ကျော်က အမျိုးသမီးများ ကြုံတွေနေရသည့်အကြမ်းဖက်မှုများကိုမျှဝေရန်နှင့် ကုစားနည်းများကိုဆွေးနွေးရန် လုံခြုံသောရပ်ဝန်းတစ်ခုအဖြစ် တည်ထောင်ထားသော ဖေ့စ်ဘွတ်ခ်ဂရုတစ်ခုအဖြစ်မှ မည်ကဲ့သို့စတင်တည်ထောင်ခဲ့သည်ကို ရှင်းပြခဲ့ပါသည်။ ထိုမှစ၍ သည် Network ဟာ LGBTQI နှင့် အ‌ပယ်ခံလိင်တိမ်းညွတ်မှုများကိုဝန်းရံထားသော ရှုထောင့်ပေါင်းစုံပါဝင်သည့် အမျိုးသမီးတန်းတူဝါဒနှင့် လှုပ်ရှားမှုများကို လှုပ်ဆောင်နေသည့် OGNIE ဖောင်ဒေးရှင်းအဖြစ်သို့တိုးတက်ပြောင်းလဲလာခဲ့ပါသည်။

BRAC Institute of Governance and Development မှ Senior Research Associate ဖြစ်သည့် Iffat Jahan Antara မှ အမုန်းစကားနှင့် အွန်လိုင်းပေါ်မှတိုက်ခိုက်ခြင်းတို့နှင့်ပတ်သက်သည့် သူမ၏ သုတေသနနှင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကို တွန်းလှန်ရန် UN Women နှင့်အတူ ဖန်တီးထားသော သင်ရိုးမော်ဂျူးတစ်ခုအကြောင်း ပြောဆိုခဲ့ပါသည်။ တစ်ဖက်မှာ USA online မှာပူးပေါင်းလာသည့် Worcester State University မှ တွဲဖက်ပါမောက္ခ Nafisa Tanjeem က အွန်လိုင်းဂျန်ဒါအခြေပြုအကြမ်းဖက်မှုအပေါ် နည်းပညာထိပ်သီးများ၏ ပလက်ဖောင်းများနောက်ကွယ်မှ အရင်းရှင်စနစ်နှင့် အွန်လိုင်းပေါ်တွင် ဥပဒေမှကင်းလွတ်နေခြင်းနှင့် အမည်လျှို့ဝှက်ထားနိုင်ခြင်းတို့က မည်ကဲ့သို့လွှမ်းမိုးသည်ကို ဆွေးနွေးခဲ့ပါသည်။

ပွင့်လင်းမြင်သာလုံခြုံသောနည်းပညာအကြောင်း ဆွေးနွေးခန်းတွင် ပါဝင်ဆွေးနွေးသူများနှင့် ဆွေးနွေးခန်းသဘာပတိ Rahman Lenin

ဤစည်းလုံးပွဲကို ဘင်္ဂလားဒေ့ရှ်မှ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအားပေးထောက်ခံသူများအနေဖြင့် အစိုးရနှင့် အစိုးရမဟုတ်သော ပုဂ္ဂိုလ်များမှ အွန်လိုင်းခြိမ်းခြောက်မှုနှင့် ထောက်လှမ်းမှုများအပေါ် နားလည်သဘောပေါက်မှုအဆင့်ကို စစ်ဆေးသည့် ဆွေးနွေးခန်းဖြင့် ပိတ်သိမ်းခဲ့ပါသည်။ တက်ရောက်လာသူများမှ VPN များ၊ encrypted password manager များ၊ လုံခြုံစိတ်ချရသော စာပို့အက်ပလီကေးရှင်းများ စတဲ့ ပွင့်လင်းမြင်သာလုံခြုံသောနည်းပညာများကို အသုံးပြ၍ ၎င်းခြိမ်းခြောက်မှုများကို လျော့ပါးအောင်ပြုလုပ်နိုင်မည့် နည်းလမ်းများအကြောင်း ဆွေးနွေးခဲ့ကြပါသည်။ သည်ဆွေးနွေးခန်းတွင် အပြောင်းအလဲပြုလုပ်သူများ အလုပ်လုပ်ကိုင်ရာတွင် ပိုမိုလုံခြုံ၍ လူ့ကျင့်ဝတ်နဲ့ကိုက်ညီကာ ရေရှည်အသုံးပြုနိုင်ရန် ၎င်းနည်းပညာများကို အသုံးချခြင်း၊ အသုံးမချခြင်း အကြောင်းအရင်းများကိုလည်း စေ့စပ်စွာ ဆွေးနွေးခဲ့ကြပါသည်။

READ HIGHLIGHTS FROM DAY 1 OF THE FORUM

READ HIGHLIGHTS FROM DAY 2 OF THE FORUM

READ HIGHLIGHTS FROM DAY 3 OF THE FORUM

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact