Blog
၂၀၂၁ ဖေဖော်ဝါရီလမှာ ဖြစ်ခဲ့တဲ့ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မကြာခဏပြတ်တောက်ခြင်း၊ အင်တာနက် အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်း၊ ဆင်းရဲမွဲတေမှုမြင့်မားလာခြင်း၊ ဖုန်းနဲ့ ပြောဆိုဆက်သွယ်ရာမှာ လုံခြုံရေးအန္တရာယ် ရှိလာခြင်းတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလိုအဘက်ဘက်က ပျက်စီးယိုယွင်းလာမှုကြောင့် မြန်မာနိုင်ငံတွင်းက ဆယ်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ အကျိုးအမြတ်ရရှိမှု သိသိသာသာ ကျဆင်းလာပါတယ်။ စီးပွားရေးလုပ်ငန်းများရဲ့ အကျိုးအမြတ်ရရှိမှု ရုတ်ချည်းအားနည်းသွားခြင်းနဲ့ ရင်းနှီးမြှပ်နှံမှုတွေ ရပ်ဆိုင်းသွားခြင်းတို့ကြောင့် ပြည်တွင်း ဆယ်သွယ်ရေးကဏ္ဍကို စစ်တပ်က တစ်ဖန်ပြန်လည်ပြီး လက်ဝါးကြီးအုပ်လာမှာကို
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် ပြည်သူတွေဟာ ဆန်းသစ်တဲ့ အလေ့အထတွေနဲ့အတူ ဒစ်ဂျစ်တယ်ကိရိယာများကို လျင်မြန်စွာ ပြောင်းလဲကျင့်သုံးခဲ့ရပါတယ်။ မကြာခဏလက်ဆေးဖို့ သတိပေးစာတွေ၊ လူစုလူဝေးရှောင်ရှားတာတွေနဲ့ နှာခေါင်းစည်းတပ်ဆင်ကြဖို့ နှိုးဆော်တဲ့ ကမ်ပိန်းတွေ အွန်လိုင်းမှာရော၊ လက်တွေ့ဘဝမှာပါရှိခဲ့ပါတယ်။ မိသားစုတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အကန့်အသတ်တွေနဲ့ တွေ့ဆုံရတဲ့ ပြဿနာကို ဖြေရှင်းဖို့ လူတွေက နည်းပညာဘက်ကို လှည့်လာကြပါတယ်။ အဲဒီထဲမှာ Online Shopping လို့ ခေါ်ကြတဲ့ အွန်လိုင်းပေါ်ကနေ ရောင်းဝယ်ဖောက်ကားကြတာတွေ၊ live
ယခုဆောင်းပါးကို မြန်မာသတင်းထောက်များ၊ ဓာတ်ပုံဆရာများ၊ ရုပ်ရှင်ဒါရိုက်တာများနှင့် အနုပညာရှင်များ ပေါင်းစည်းကာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်သော ဖန်တီးထုတ်လုပ်မှုများ ပြုလုပ်တင်ဆက်ရာတစ်ခုဖြစ်သော Visual Rebellion မှ Mi-Kun က ရေးသားတင်ဆက်ထားပါသည်။ ၂၀၂၀ မှာ အကြီးအကျယ် ကျရောက်ခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဆိုးဟာ ကမ္ဘာတဝှမ်းလုံးရဲ့ လူနေမှုဘဝပုံစံတွေကို ပြောင်းလဲစေခဲ့ပါတယ်။ ဒီကပ်ရောဂါကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ နေထိုင်မှုပုံစံတွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ ဒီကပ်ဘေးကြောင့် ကျောင်း၊