Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

အာရှ – ပစိဖိတ် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ်တွင် ပါဝင်ရန် ဖိတ်ခေါ် ခြင်း (စာရင်းပေးသွင်းပါရန်)

This post is also available in: English Thai Indonesian Khmer

EngageMedia မှနေပြီး လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ စကားဝိုင်းများ၊ ဆုံညီ ဆွေးနွေးခန်းများ၊ပြောင်းလဲရေးလှုပ်ရှားသူများနှင့် စကားပြောပွဲများပါဝင်မယ့် အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ် လူ့အခွင့်အရေးဖိုရမ်ကို ကျင်းပပြုလုပ်မှာဖြစ်လို့ ဒီပွဲနဲ့အတူ ၂၀၂၃ ခုနှစ်ကို စတင်လိုက်ဖို့ ဒစ်ဂျစ်တယ် လူ့အခွင့်အရေးလှုပ်ရှားသူများအား ဖိတ်ခေါ်အပ်ပါတယ်။

သည် ၃ ရက်တာ အွန်လိုင်း/လူချင်းစုံညီပွဲဟာ အာရှ-ပစိဖိတ်ဒေသအတွင်း ယနေ့ကြုံတွေ့နေရတဲ့ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးပြဿနာများအပေါ် အဖြေရှာနိုင်ဖို့အတွက် ပြောင်းလဲရေးလှုပ်ရှားသူများအချင်းချင်း ဆွေးနွေးလုပ်ကိုင်နိုင်ဖို့ အွန်လိုင်း/လူချင်းဆုံမှတ်တစ်ခု ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ သည်ဒေသတွင်းဖိုရမ်ရဲ့ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအာဘော်တွေ၊ လက်တွဲလုပ်ဆောင်မှုတွေ ဟာ လာမယ့် ၂၀၂၃ မေလ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာပြုလုပ်ကျင်းပမယ့် အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ် လူ့အခွင့်အရေးပွဲတော်ကို ပုံဖော်ရာမှာ အခရာကျမှာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၂ နှင့် ၁၃ ရက်။ အွန်လိုင်းဒေသတွင်းအစည်းအဝေး

ဖိုရမ်ရဲ့ ပထမ ၂ ရက်ကို အွန်လိုင်းမှတဆင့်ကျင်းပသွားမှာဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသတလွှားက ပြောင်းလဲရေး လှုပ်ရှားသူများနဲ့ သက်ဆိုင်တဲ့ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးပြဿနာများ၊ အာဘော်များအပြင် ဒေသတွင်းစည်းလုံး ညီညွတ်မှု တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးမှုများကို အသားပေးသွားမှာဖြစ်ပါတယ်။ ပါဝင်သူများအနေနှင့်လည်း အရေးပေါ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးပြဿနာများအကြောင်း အသားပေးတဲ့ စုံညီဆွေးနွေးခန်းများမှာ ကိုယ့်ရဲ့အမြင်တွေကို တက်တက်ကြွကြွ မျှဝေနိုင်မှာပါ။

ပထမနေ့ စုံညီဆွေးနွေးခန်းခေါင်းစဥ်များ

  • အာရှ-ပစိဖိတ်ဒေသတွင်း အစွန်းရောက်ဝါဒနှင့် အမုန်းစကားများ
  • ဂျန်ဒါတရားမျှတမှုရှင်းတမ်း
  • တရားမျှတမှုရာသီဥတုနှင့် အင်တာနက် (အာရှ-ပစိဖိတ်ရပ်ဝန်း)
  • ဒစ်ဂျစ်တယ်အာဏာရှင်စနစ်နှင့် တောင်ကမ္ဘာခြမ်းအပေါ် ၎င်း၏ အကျိုးသက်ရောက်မှုများ
  • ဒေတာတရားဥပဒေကို နားလည်ခြင်း
  • အာရှ-ပစိဖိတ်ဒေသတွင်း အွန်လိုင်းလုပ်ကြံသတင်းများ

ဒုတိယနေ့ စုံညီဆွေးနွေးခန်းခေါင်းစဥ်များ

  • အွန်လိုင်းမီဒီယာလွတ်လပ်ခွင့်နှင့် အာရှတွင်းဆင်ဆာစနစ်
  • နည်းပညာထိပ်သီးများကို စိန်ခေါ်ခြင်း
  • ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအပေါ် လူငယ်များ၏ပါဝင်ပတ်သက်မှု
  • ဒစ်ဂျစ်တယ်လုံခြုံရေးမိတ်ဆက်
  • ပွင့်လင်းမြင်သာလုံခြုံသောနည်းပညာအကြောင်း စုံညီဆွေးနွေးခြင်း

ဇန်နဝါရီ ၁၄ ရက်။ လူချင်းစုံညီတွေ့ဆုံပွဲများ

ဖိုရမ်တတိယနေ့မှာတော့ နေရာ ၅ နေရာမှာ လူချင်းဆုံညီတွေ့ဆုံပွဲများပါဝင်မှာဖြစ်ပါတယ်။

၁။ဘန်ကောက်မြို့တော်၊ ထိုင်းနိုင်ငံ

၂။ဒါကာမြို့တော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ

၃။ဂျကာတာမြို့တော်၊ အင်ဒိုနီးရှားနိုင်ငံ

၄။ကွာလာလမ်ပူမြို့တော်၊ မလေးရှားနိုင်ငံ

၅။မနီလာမြို့တော်၊ ဖိလစ်ပိုင်နိုင်ငံ

ပါဝင်တက်ရောက်သူများအနေနဲ့ အခြားပြောင်းလဲရေးလှုပ်ရှားသူများနှင့် တွေ့ဆုံခွင့်ရမှာဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံအတွင်းက ဒစ်ဂျစ်တယ်လူ့အခွင့်အရေးပြဿနာများအကြောင်း ထဲထဲဝင်ဝင်အဖြေရှာနိုင်မှာဖြစ်ပါတယ်။ ပွဲပြီးဆုံးသွားတဲ့အခါမှာလည်း တစ်မြို့နဲ့အခြားတစ်မြို့က ပွဲတက်ရောက်သူအချင်းချင်း အွန်လိုင်းကတဆင့် သူတို့ရဲ့အကြောင်းအရာတွေ၊ သင်ခန်းစာတွေနဲ့ လုပ်ကိုင်မှုတွေကို ဖြန့်ဝေနိုင်မှာပါ။

အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ်တွင် ပါဝင်ရန်

ဖိုရမ်စာရင်းသွင်းဖို့နှင့် ပါဝင်ချင်တဲ့ဆွေးနွေးခန်းတွေကို ရွေးချယ်နိုင်ဖို့အတွက် Forum.EngageMedia.orgမှာ အကောင့်ဖွင့်ပါ။ အောက်ပါညွှန်ကြားချက်များအတိုင်း ပြုလုပ်ပေးပါ။

အဆင့် ၁။ သည်မှာဖောင်ဖြည့်ပြီ အကောင့်ဖန်တီးလိုက်ပါ။

အဆင့် ၂။ သင့်ရဲ့ကိုယ်ရေးအချက်အလက်များ ပြည့်စုံစွာဖြည့်ပါ။

အဆင့် ၃။ ကျွန်ုပ်တို့ရဲ့ ပထမနေ့မှ တတိယနေ့အတွင်း ဆွေးနွေးခန်းများမှ နှစ်သက်ရာကိုရွေးချယ်ပြီး သိမ်းပါ။

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact