Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

အာရှ – ပစိဖိတ် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ် ပထမနေ့။ လက်ရှိကြုံတွေ့နေရသောစိန်ခေါ်မှုများနှင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးများအပေါ် ခြိမ်းခြောက်မှုများအား ရှင်းလင်းခြင်း

  • 29 March 2023
  • 3:11 pm

This post is also available in: English Thai Indonesian Khmer

အာရှ-ပစိဖိတ်ဒေသမှ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများသည် အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ်၏ ပထမနေ့ ဇန်နဝါရီ ၁၂၊ ၂၀၂၃ တွင် ဒေသတွင်း အရေးအကြီးဆုံး ဒစ်ဂျစ်တယ်လူ့အခွင့်အရေးပြဿနာရပ်များအား ဆွေးနွေးရန် အွန်လိုင်းတွေ စည်းဝေးခဲ့ကြပါသည်။

အဖွင့်ဆွေးနွေးပွဲ။ အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအခြေအနေ

သည်အဖွင့်ဆွေးနွေးပွဲတွင် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးနှင့်ပတ်သတ်၍ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအကြောင်း အကျဥ်းချုံးတင်ဆက်ခဲ့ပါသည်။ သည်ပွဲအား လူဦးရေ ၆၀ ကျော်တက်ရောက်ခဲ့ပြီး အင်ဒိုနီးရှားဘာသာ၊ ဗမာဘာသာ၊ ခမာဘာသာနှင့် ထိုင်းဘာသာစကားတို့ဖြင့် တိုက်ရီုက်ကြည့်ရှုနိုင်ရန် စီစဥ်ထားခဲ့ပါသည်။

Association for Progressive Communications၏ Executive Director ဖြစ်သည့် Chat Garcia Ramilo မှ ထောက်လှမ်းရေးနည်းပညာ၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်အား ကန့်သတ်သည့်မူဝါဒများ နှင့် နည်းပညာနယ်ပယ်၊ အစိုးရနှင့်ဆက်နွယ်မှုမရှိသောအဖွဲ့အစည်းများအပေါ် စည်းကြပ်မှုကင်းမဲ့ခြင်းတို့မှတဆင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအပေါ် ခြိမ်းခြောက်နေပုံအား အလေးထားပြောဆိုခဲ့ပါသည်။

Ramilo သည် နည်းပညာအခြေခံအဆောက်အအုံနှင့်ပတ်သက်သည့် ဆွေးနွေးမှုများတွင် ထောက်ခံအားပေးသူများ ပိုမိုလိုအပ်နေသည်ကို အလေးပေးပြောဆိုသွားခဲ့ပါသည်။ ဤကဲ့သို့ အခြေခံအဆောက်အအုံများကို ပုဂ္ဂလိကလက်သို့လွှဲပြောင်းပေးအပ်ရန် လှုပ်ရှားမှုများရှိနေသော်လည်း Ramilo သည် အင်တာနက်နှင့် ဒစ်ဂျစ်တာနည်းပညာအား အများပိုင်ဆိုင်မှု၏တစ်စိတ်တစ်ဒေသအဖြစ် မြင်လာရန် လိုအပ်ကြောင်း ပြောဆိုခဲ့ပါသည်။

ဒစ်ဂျစ်တယ်မူဝါဒသုတေသနအသင်း LIRNEasia ၏ စီအီးအို Helani Galpaya မှ ဒစ်ဂျစ်တယ်နည်းပညာရပိုင်ခွင့်သည် ဒစ်ဂျစ်တယ်နယ်ပယ်တွင်း လူ့အခွင့်အရေးများကျင့်သုံးရန်အတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထပ်မံ၍ ကမ္ဘာ့ကပ်ရောဂါပိုးကူးစက်ကာလသည် အင်တာနက်အသုံးပြုပိုင်ခွင့်၏အကျိုးသက်ရောက်မှုအပေါ် စမ်းသပ်သည့် အဆိုးရွားဆုံး သဘာဝဖြစ်ရပ်အခြေခံသုတေသနဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သူမသည် တောင်အာရှရှိ အိမ်ထောင်စုများတွင် အင်တာနက်ရရှိမှုနှင့် ပညာသင်ယူနိုင်ခွင့် ဆက်စပ်ပုံအား ဥပမာပေးကိုးကားခဲ့ပါသည်။

Chulalongkorn တက္ကသိုလ် ဥပဒေဌာန ဂုဏ်ထူးဆောင်ပါမောက္ခ Vitit Muntarbhorn KBE မှ ဒစ်ဂျစ်တယ်လောကတွင်း အာဏာပုံဆောင်မှုများအကြောင်း အသားပေးပြောကြားခဲ့ပါသည်။ လူ့အခွင့်အရေးကာကွယ်သူများမှ အာဏာအလွဲသုံးစားမှုများကို ဆန့်ကျင်ရန် ချိန်ခွင်လျှာများ ထောက်ပံ့ပေးသော်လည်း အာရှနိုင်ငံအများအပြားတွင် ဒီမိုကရေစီစံနှုန်းနျားမရှိသည့်အတွက် အကောင်းအဆိုးဒွန်တွဲနေလျက်ရှိပါသည်။ ထို့အပြင် နည်းပညာကုမ္ပဏီကြီးများမှ အချက်အလက်များ လက်ဝါးကြီးအုပ်ခြင်းနှင့်သက်ဆိုင်သော ပြဿနာရပ်များလည်း ရှိနေသေးသည်။

ဆွေးနွေးသူများမှ လူ့အခွင့်အရေးအားတန်ဖိုးထားသည့်မူဝါဒများ ပုံဖော်နိုင်ရန် လက်တွဲလုပ်ဆောင်ခြင်း၏ အရေးကြီးမှုကို အလေးထားပြောဆိုခဲ့ကြပါသည်။ သည့်အပြင် ဆွေးနွေးသူများက လေးနက်သည့်ပြောင်းလဲမှုများလွှမ်းမိုးစွမ်းဆောင်နိုင်ရန်အတွက် ပုံမှန် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးနယ်ပယ်များကို ကျော်လွန်ကာ ပို၍ကျယ်ပြန်သော ဖိုရမ်များတွင် ချိတ်ဆက်လုပ်ဆောင်ကြရန်အတွက် လူ့အခွင့်အရေးကာကွယ်သူများကို လိုအပ်ကြောင်း ‌ပြောဆိုသွားခဲ့ပါသည်။

စုံညီဆွေးနွေးခန်းကောက်နုတ်ချက်များ

အစွန်းရောက်ဝါဒအကြောင်း စုံညီဆွေးနွေးခန်းတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အမုန်းစကားဆီသို့ယိမ်းခြင်းနှစ်ခုကြား အားပြိုင်မှုကို မီးမောင်းထိုးဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးသူများမှ ဒေသတွင်းယဉ်ကျေးမှုနှင့် နိုင်ငံရေးတိကျမှုသယ လွတ်လပ်စွာပြောဆိုခွင့်နယ်နိမိတ်ကို ပုံဖော်ပေးသည်ကို သတိရှိရန်လိုအပ်ကြောင်း အသိအမှတ်ပြုခဲ့သော်လည်း အားလုံးသဘောတူညီနိုင်သည့် ဘုံသဘောထားရှိရန်လိုအပ်ကြောင်းကိုလည်း ထောက်ပြခဲ့ပါသည်။

ဂျန်ဒါတရားမျှတမှုဆွေးနွေးခန်းတွင် ဆွေးနွေးသူများမှ စွန့်ပယ်ခံအုပ်စုများအကြောင်း ဇာတ်လမ်းများအား မီးမောင်းထိုးပြရာတွင် ပုံပြောခြင်းနည်းလမ်းအားအသုံးချမှုနှင့်ပတ်သက်၍ ပြောဆိုခဲ့ကြပါသည်။ လူသားချင်းစာနာစိတ်ရှိသော ဒစ်ဂျစ်တယ်နယ်ပယ်များ ပိုမိုပေါ်ထွက်လာစေရန် စည်းလုံးမှုတည်ဆောက်ဖို့လည်း အရေးကြီးပါသည်။

ရာသီဥတုတရားမျှတမှုနှင့် အင်တာနက် ဆွေးနွေးခန်းတွင် ဆွေးနွေးသူများမှ အချက်အလက်ရရှိပိုင်ခွင့်သည် ရာသီဥတုတရားမျှတမှုအတွက် ကြိုးပမ်းရာမှာ ပါဝင်စေဖို့ အရေးကြီးကြောင်း၊ ထိုမှသာ အရေးကြီးကိစ္စရပ်ဖြစ်လာသည့် ရာသီဥတုဖောက်လွဲပြန်မှုနှင့် ဒေသခံအသိုင်းအဝိုင်းများအပေါ် ၎င်း၏သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားထားသော လက်တွေ့လုပ်ဆောင်နိုင်မည့်အစီအစဉ်များအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြပါသည်။

ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ဆွေးနွေးခန်းတွင် ဆွေးနွေးသူများမှ လုပ်ကြံသတင်းများ၊ ကန့်သတ်ဥပဒေများ၊ ဒစ်ဂျစ်တယ်တိုက်ခိုက်မှုများပပျောက်ရေးအတွက် လှုံ့ဆော်မှုများ စတဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားမှုများကို နှိပ်ကွပ်ရာတွင် အာဏာပိုင်များအသုံးပြုသည့် လက်ကိုင်တုတ်များအကြောင်း ဆွေးနွေးခဲ့ကြပါသည်။

ဒေတာတရားမျှတမှုဆွေးနွေးခန်းတွင် ခွဲခြားဆက်ဆံခံနေရသူများ၏ ပါဝင်ဆွေးနွေးမှုများသည် သော့ချက်ဖြစ်ပြီး ဆွေးနွေးသူများမှ လူ့အသိုင်းအဝိုင်းအမျိုးမျိုးတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များအပေါ်သက်ရောက်မှုရှိသည့် အယူအဆများ၊ အသိုင်းအဝိုင်းတွင်း ဆက်ဆံရေးများအပေါ် မည်ကဲ့သို့နားလည်ကြသည့်အပေါ် ပြောဆိုခဲ့ကြပါသည်။

လုပ်ကြံသတင်းများသည် အာရှ-ပစိဖိတ်ဒေသတွင် ဆူးသဖွယ်ပြဿနာရပ်တစ်ခုအဖြစ် ရှိနေသေးသည်။ ဆွေးနွေးသူများမှ ကော်ပိုရိတ်အကျိုးစီးပွားတို့၏ လွှမ်းမိုးမှုကြားမှ သည်ပြဿနာရပ်ကို ရင်ဆိုင်ရခြင်း၏ ခက်ခဲမှုကို ပြောဆိုခဲ့ကြပါသည်။ ထိရောက်သောဖြေရှင်းနည်းများသည်လည်း ကာလံဒေသံနှင့်ကိုက်ညီရန်လိုအပ်ပါသည်။

အပြောင်းအလဲပြုလုပ်သူများအနေဖြင့် သည်နေရာမှာ ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်ဖို့ EngageMedia မှာဖိတ်ခေါ်အပ်ပါသည်။ Forum.EngageMedia.org/Discuss.

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact