×

အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ်မှ အဓိက ဆွေးနွေးပွဲများ (အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ် လူ့အခွင့်အရေး အခြေအနေကိုလေ့လာခြင်း၊ စည်းလုံးညီညွတ်မှု တည်ဆောက် ခြင်း)

This post is also available in: English ไทย Indonesia Khmer

အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ်စတင်ဖို့ တစ်ပတ်ကျော်သာလိုတော့တာကြောင့် ဇန်နဝါရီ ၁၂ နှင့် ၁၃ ရက်နေ့တွင်ပြုလုပ်မယ့် အဓိကဆွေးနွေးပွဲ ၂ ခုမှာပါဝင်မယ့် ခေါင်းစဥ်များနှင့် ပြောကြားမည့်သူများကို မိတ်ဆက်ပေးလိုက်ပါတယ်။

၂ နာရီကြာမြင့်မယ့် သည်ဆွေးနွေးပွဲများကို အင်ဒိုနီးရှား၊ ဗမာ၊ ခမာနှင့် ထိုင်းဘာသာစကားများသို့ တိုက်ရိုက် ဘာသာပြန်ပေးသွားမှာဖြစ်ပါတယ်။

ပထမနေ့ အဓိကဆွေးနွေးပွဲ။ အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအခြေအနေ

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဟာ အာရှပစိဖိတ်တဝှမ်းရှိ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအနေအထားကို ပိုပြီးဆိုးရွားစေခဲ့ပါတယ်။ အာဏာပိုင်အစိုးရတွေဟာ သည်ကျန်းမာရေးပဋိပက္ခကို အခွင့်ကောင်းယူပြီး အာဏာရှင်ဆန်သောလုပ်ထုံးများ၊ နိုင်ငံသားများကိုထောက်လှမ်းခြင်းများ၊ မကြုံစဖူးအချက်အလက် ကောက်ခံမှုများကို ပုံမှန်ကဲ့သို့ လုပ်ဆောင်လာကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ တက်ကြွလှုပ်ရှားသူများအတွက် အန္တရာယ်ဖြစ်စေမယ့် လုပ်ကြံသတင်းကမ်ပိန်းများ အကြီးအကျယ်ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံတွင် အင်တာနက် ပိတ်ချခြင်း၊ ထိုင်းနှင့်အင်ဒိုနီးရှားနိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့်ကန့်သတ်တဲ့ လက်တစ်လုံးခြားဥပဒေများ ချမှတ်ခြင်း စတဲ့ ဒစ်ဂျစ်တယ်အခက်အခဲမျိုးစုံကို သည်ဒေသတွင်းက လူ့အခွင့်အရေးကာကွယ်သူတွေ ကြုံတွေ့နေကြရပါတယ်။

သည်ဖိုရမ်မှာ အထက်ပါအကြောင်းအရာတွေအပြင် အခြားကိစ္စရပ်တွေကို “အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ် လူ့အခွင့်အရေးအခြေအနေ” လို့ခေါင်းစဥ်ပေးထားတဲ့ အဖွင့်အဓိကဆွေးနွေးပွဲအောက်မှာ ဆွေးနွေးတင်ဆက် သွားမှာဖြစ်ပါတယ်။ သည်ဆွေးနွေးပွဲကိုတော့ လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့ ဘန်ကောက်စံတော်ချိန် ၁၀ နာရီခွဲမှ ၁၁ နာရီခွဲအထိ ကျင်းပပြုလုပ်သွားမှာပါ။

ပထမနေ့ အဓိကဆွေးနွေးပွဲမှာ ပါဝင်ပြောကြားပေးသွားမှာကတော့ –

၁။Chat GarciaRamiloဟာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို နည်းစနစ် ကျကျ အသုံးချပြီး ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ တိုးတက်ရေးနှင့် ပတ်ဝန်းကျင်လုံခြုံရေး အတွက် အလုပ်လုပ်ကိုင်နေသူများကိုထောက်ပံ့အားပေးဖို့ရည်မှန်းထားတဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်း ကွန်ရက်တစ်ခုဖြစ်တဲ့ Association for Progressive Communications ရဲ့ လက်ရှိ Executive Director ဖြစ်ပါတယ်။ သူမဟာ သည်အဖွဲ့အစည်းရဲ့ အမျိုးသမီးရေးရာကဏ္ဍကိုဦးဆောင်ခဲ့သလို ဂျန်ဒါသာတူညီမှု နဲ့ အမျိုးသမီးများရဲ့ လုပ်ပိုင်ခွင့်ကိုအဓိကထားတဲ့ တိုးတက်ရေးစီမံကိန်းများအတွက် ၉ နိုင်ငံသတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို တည်ဆောက်ခြင်း၊ ရန်ပုံငွေကောက်ခံခြင်း၊ စီမံ ခန့်ခွဲခြင်းများ ပြုလုပ်ခဲ့ပါတယ်။

၂။ Prof. Vitit Muntarbhornဟာ ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်ရဲ့ ဥပဒေဌာနမှ ဂုဏ်ထူးဆောင်ပါမောက္ခတစ်ဦးဖြစ်ပါတယ်။ ၂၀၂၁ မှာ သူဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေအကြောင်းတင်ပြဖို့ ကုလသမဂ္ဂရဲ့ အထူးအစီရင်ခံစာတင်သွင်းသူရာထူး ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

၃။ Helani Galpavaဟာ ဗဟုသုတ၊ အချက်အလက်နှင့် နည်းပညာတွေကတဆင့် ကာယ၊ ဉာဏ အုတ်မြစ်တွေကို ပံ့ပိုးအသုံးပြုပေးပြီး အာရှ-ပစိဖိတ်ဒေသတွင်းက လူနေမှုဘဝတွေတိုးတက်လာ ဖို့အတွက် သုတေသနတွေကနေမှတဆင့် မူဝါဒအပြောင်းအလဲတွေကိုပြုလုပ်နေတဲ့ LIRNEasia အသင်းရဲ့ စီအီးအို ဖြစ်ပါတယ်။ သူမရဲ့ ပင်မသုတသနနဲ့လုပ်ဆောင်မှုတွေဟာ အင်တာနက်အသုံးပြုမှု၊ အီလက်ထရောနစ် အစိုးရစနစ်၊ အင်တာနက်ဝန်ဆောင်မှု အရည်အသွေးတွေနှင့်ပတ်သက်တဲ့ မူဝါဒများ၊ ပွင့်လင်းညီမျှမှုများ၊ စည်းကမ်းအဟန့်အတားများနှင့် ပတ်သက်ပါတယ်။

ဒုတိယနေ့ အဓိကဆွေးနွေးပွဲ။ ဒေသတွင်းစည်းလုံးညီညွတ်မှုတည်ဆောက်ခြင်းနှင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအပေါ် လက်တွဲလုပ်ဆောင်ခြင်း

ဖိုရမ်ဒုတိယနေ့မှာတော့ ဒေသတွင်းစည်းလုံးညီညွတ်ရေးနှင့် သည်စိန်ခေါ်မှုတွေကို အတူလက်တွဲဖြေရှင်းနိုင်ဖို့ အတွက် ဖြစ်နိုင်ချေများကိုရှာဖွေဖို့ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးလှုပ်ရှားသူများအချင်းချင်း ချိတ်ဆက် ထားခြင်းရဲ့တန်ဖိုးကို အာရုံစိုက်သွားမှာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့ ဘန်ကောက်စံတော်ချိန် ၁၀ နာရီခွဲမှ ၁၁ နာရီခွဲမှာတော့ “ဒေသတွင်းစည်းလုံးညီညွတ်မှု တည်ဆောက်ခြင်းနှင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအပေါ် လက်တွဲလုပ်ဆောင်ခြင်း” ဆိုတဲ့ခေါင်းစဥ်အောက် က အဓိကဆွေးနွေးပွဲမှာ အောက်ပါဒစ်ဂျစ်တယ်လူ့အခွင့်အရေးကျွမ်းကျင်သူများရဲ့ ပြောကြားမှုတွေကို နားဆင်ရမှာပါ။

၁။Phet Sayoဟာ EngageMedia ရဲ့ Executive Director ဖြစ်ပါတယ်။ သည်အဖွဲ့အစည်းကို မဦးဆောင်ခင် Phet Sayo ဟာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်က အပြည်ပြည်ဆိုင်ရာတိုးတက်ရေး သုတသနစင်တာ (IDRC) မှာ Senior Program Officer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာရှ၊ အာဖရိကနှင့် လက်တင် အမေရိကဒေသတွင်း မိုဘိုင်းနည်းပညာများနှင့် အင်တာနက်ကို အများအပြား သုံးစွဲလာမှုရဲ့ အကျိုး သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။

၂။ဒေါ်ခင်ဥမ္မာဟာလွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ကိုအခြေခံသည့် မူဝါဒသုတေသနနှင့် တိုက်တွန်း အားပေးမှုများကိုလုပ်ဆောင်နေပြီး မြန်မာနိုင်ငံတဝှမ်းက အခြေခံလူထုအဖွဲ့အစည်းများ၊ ကွန်မြူနတီ အခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာကောင်းမွန်သောဆက်ဆံရေး ထိန်းသိမ်းထားတဲ့ အရပ်ဖက် အဖွဲ့အစည်းဖြစ်တဲ့ Progressive Voice of Myanmar ရဲ့တည်ထောင်သူဖြစ်ပါတယ်။

၃။Brittany Piovesan ဟာ ပွင့်လင်းမြင်သာပြီး စိတ်ချလုံခြုံတဲ့အင်တာနက်စနစ်ကို ထိန်းသိမ်းဖို့နှင့် လူတစ်ဦးချင်း၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ မီဒီယာများနှင့် အခြေခံလွတ်လပ်ခွင့်များကို သိရှိနိုင်ဖို့ အင်တာနက်ကိုမှီခိုအားထားနေရတဲ့ အစုအဖွဲ့များကို ကာကွယ်ပေးဖို့ ရေးဆွဲထားတဲ့ ၃ နှစ်တာ ကမ္ဘာလုံး ဆိုင်ရာစီမံကိန်း Greater Internet Freedom program ရဲ့ အကြီးအကဲဖြစ်ပါတယ်။

အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ်တွင် ပါဝင်ရန်

ဖိုရမ်စာရင်းသွင်းဖို့နှင့် ပါဝင်ချင်တဲ့ဆွေးနွေးခန်းတွေကို ရွေးချယ်နိုင်ဖို့အတွက် Forum.EngageMedia.orgမှာ အကောင့်ဖွင့်ပါ။ အောက်ပါညွှန်ကြားချက်များအတိုင်း ပြုလုပ်ပေးပါ။

အဆင့် ၁။ သည်မှာဖောင်ဖြည့်ပြီ အကောင့်ဖန်တီးလိုက်ပါ။

အဆင့် ၂။ သင့်ရဲ့ကိုယ်ရေးအချက်အလက်များ ပြည့်စုံစွာဖြည့်ပါ။

အဆင့် ၃။ ကျွန်ုပ်တို့ရဲ့ ပထမနေ့မှ တတိယနေ့အတွင်း ဆွေးနွေးခန်းများမှ နှစ်သက်ရာကိုရွေးချယ်ပြီး သိမ်းပါ

Be part of our upcoming digital rights events

DRAPAC23 Assembly

May 22 to 26, 2023
Chiang Mai, Thailand

Leave a Comment

Your email address will not be published. Required fields are marked *

Subscribe to the EngageMedia newsletter!

Twice a month, get updates on EngageMedia activities and opportunities.