Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change
Search
Close this search box.
Search
Close this search box.

အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ် ဒုတိယနေ့။ ဒစ်ဂျစ်တယ်လုံခြုံရေး၊ နည်းပညာထိပ်သီးများ၊ လူငယ်များပါဝင် ပတ်သက်မှု စတဲ့ စုံညီဆွေးနွေးခန်းများ

  • EngageMedia
  • 11 January 2023
  • 6:36 pm
  • No Comments

This post is also available in: English ไทย Indonesia Khmer

အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ်ပထမနေ့ကကဲ့သို့ ပါဝင်သူများဟာ ပညာရေး၊ သုတသန၊ ရုပ်သံနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းနယ်ပယ်များ ပြောင်းလဲရေးလှုပ်ရှားသူများဦးဆောင်တဲ့ ဆွေးနွေးခန်း ၆ ခုအနက်က ၂ ခုကိုရွေးချယ်နိုင်ဦးမှာဖြစ်ပါတယ်။ သည်စုံညီဆွေးနွေးခန်းများအားလုံးကို အွန်လိုင်းကတဆင့် ပြုလုပ်သွားမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို ဦးစားပေးသွားမှာဖြစ်ပါတယ်။

ဆွေးနွေးခန်းအချုပ်ပြောကြားချိန်မှာ အထူးအစီရင်ခံစာတင်သွင်းသူများကို ဖိတ်ခေါ်ကာ စုံညီဆွေးနွေးခန်း များမှ အနှစ်ချုပ်များကို အခြားအဖွဲ့များနှင့် မျှဝေတင်ဆက်သွားမှာဖြစ်ပါတယ်။

အချိန်ဇယား ၁။ ဘန်ကောက်စံတော်ချိန် နံနက် ၁၁ နာရီ ၃၀ မိနစ် – ၁၂ နာရီ ၃၀ မိနစ်

စုံညီဆွေးနွေးခန်း ၇။ အာရှတွင်း အွန်လိုင်းမီဒီယာလွတ်လပ်ခွင့်နှင့် ဆင်ဆာစနစ်

အစိုးရတွေဟာ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကျန်းမာရေးနဲ့သက်ဆိုင်တဲ့လုပ်ကြံသတင်းတွေကို လျှော့ချဖို့ အတွက် လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကိုကန့်သတ်လိုက်ပြီးနောက် အာရှမှာ မီဒီယာလွတ်လပ်ခွင့်ဟာ နောက်ပြန်ဆွဲသွားခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံအများစုဟာ မီဒီယာလွတ်လပ်ခွင့်အဆင့်သတ်မှတ်ချက် တွေမှာအဆင့်နိမ့်ကျနေပြီး အာဏာရှင်စနစ်ဖက်ကိုဦးတည်လာရုံသာမက အွန်လိုင်းနယ်ပယ်တွေမှာ လုပ်ကြံ သတင်းဖြန့်ဝေခြင်း၏ ဆိုးရွားလှတဲ့အကျိုးသက်ရောက်မှုတွေကို ထင်ဟပ်လျက်ရှိပါတယ်။

ပြောကြားမည့်သူများ –

  • Md. Saimum Talukdar၊ ရှေ့နေ၊ လူ့အခွင့်အရေးကာကွယ်သူ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ BRAC တက္ကသိုလ် ဥပဒေကျောင်းမှ အကြီးတန်းကတိက
  • Ellen Tordesillas၊ ဖိလစ်ပိုင်နိုင်ငံရှိ လွတ်လပ်သောမီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Vera Files ၏ ပူးတွဲတည်ထောင်သူနှင့် စူးစမ်းလေ့လာရေးသတင်းထောက်

စုံညီဆွေးနွေးခန်း ၈။ နည်းပညာထိပ်သီးများကို စိန်ခေါ်ခြင်း

ယနေ့ခေတ်အင်တာနက်ဟာ လူထုရဲ့အွန်လိုင်းနေထိုင်မှုဘဝတွေကို ချုပ်ကိုင်ထားတဲ့ ထိပ်သီးကုမ္ပဏီကြီးများ ၏ သြဇာလွှမ်းမိုးမှုအောက်မှာ အများစုထိန်းချုပ်ခံထားရပေမယ့် သူတို့၏ပလက်ဖောင်း ပေါ်က အန္တရာယ် များအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပေးဖို့တော့ပျက်ကွက်နေကြတာများပါတယ်။ သို့ပေမယ့်လည်း လူ့အခွင့်အရေးကို ပိုမိုလေးစားတဲ့ ရွေးချယ်စရာတွေပေးဆောင်နိုင်ဖို့ လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ပလက်ဖောင်းတွေစတင်ဖို့အတွက် ပဏာမခြေလှမ်းတွေလည်း ရှိလာပြီဖြစ်ပါတယ်။

ပြောကြားမည့်သူများ –

  • Sam de Silva၊ လုံခြုံစိတ်ချရ၍ အတွင်းရေးလုံခြုံမှုမြှင့်တင်ပေးနိုင်မည့် နည်းပညာများ ထောက်ပံ့တည်ဆောက်ပေးပြီး ဒစ်ဂျစ်တယ်လူ့အခွင့်အရေးပြဿနာများအကြောင်း သုတသနများပြုလုပ်နေသည့် အမြတ်အစွန်းမငှဲ့သော OPTFအဖွဲ့အစည်း၏ Engagement Advisor
  • Malavika Rajkumar၊နည်းပညာနှင့်လူ့အဖွဲ့အစည်းကြားလုပ်ဆောင်နေသော ဘန်ဂလိုမြို့အခြေပြု အမြတ်အစွန်းအတွက်မရွည်ရွယ်သော IT for Changeအဖွဲ့၏ Project Associate
  • Elonnai Hickok၊ Global Network Initiative ၏ Managing Director

စုံညီဆွေးနွေးခန်း ၉။ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအပေါ် လူငယ်များ၏ပါဝင်ပတ်သက်မှု

ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှတဆင့် လူငယ်များဟာ သတင်းအချက်အလက်များကိုရရှိနိုင်ပြီး ၎င်းတို့၏ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ကျင့်သုံးနိုင်ပါတယ်။ သို့ပေမယ့် ထိုပလက်ဖောင်းများဟာ သူတို့၏လုံခြုံရေး နှင့် အတွင်းရေးကိုလည်း ထိခိုက်နိုင်ခြေရှိပါတယ်။ လူငယ်များအနေနှင့် ဒစ်ဂျစ်တယ်ရပ်ဝန်းများ သူတို့၏ ရပိုင်ခွင့်တွေကိုကာကွယ်စေနိုင်အောင် မည်ကဲ့သို့ ပိုမိုပါဝင်ကူညီနိုင်မလဲ။

ပြောကြားမည့်သူများ –

  • Sarah Torres၊ ဖိလစ်ပိုင်နိုင်ငံတွင်း မီဒီယာကျွမ်းကျင်လုပ်ထုံးများ ကျယ်ပြန့်လာစေရန် လုပ်ကိုင်နေသည့် Out of The Box Media Literacy Initiative၏ ပူးတွဲတည်ထောင်သူ
  • Sarah Torres၊ Ethical Hacker Indonesiaတည်ထောင်သူ
  • Darshatha Gamage၊ Hashtag Generation၏ အစီအစဥ်များအကြီးအကဲ

အချိန်ဇယား ၂။ ဘန်ကောက်စံတော်ချိန် နေ့လည် ၁ နာရီ ၃၀ မိနစ် – ၂ နာရီ ၃၀ မိနစ်

စုံညီဆွေးနွေးခန်း ၁၀။ အာရှ-ပစိဖိတ်ဒေသတွင်း ဒစ်ဂျစ်တယ်လုပ်သားအခြေအနေ

ကမ္ဘာ့ကပ်ရောဂါကာလဟာ ဒစ်ဂျစ်တယ်လုပ်သားပလက်ဖောင်းတွေ ပိုမိုကြီးထွားလာစေခဲ့ပါတယ်။ ဒါဟာ အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အရေးများဖြစ်စေပေမယ့် လုပ်သားများအနေနှင့်လုပ်သားကာကွယ်ရေးများရရှိစေဖို့အတွက်လည်း စိန်ခေါ်မှုများရှိနေပါတယ်။

ပြောကြားမည့်သူများ –

  • Parminder Jeet Singh၊ ITY for Change၏ Executive Director။ သူ၏လုပ်ငန်းဆောင်တာများတွင် ဖွံ့ဖြိုးတိုးတက်ရေးအိုင်စီတီများ၊ အင်တာနက်အစိုးရစနစ်၊ အီလက်ထရောနစ်အစိုးရစနစ်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးတို့ပါဝင်ပါတယ်။
  • Sunniva Sandbukt၊ IT-University of Copenhagenမှ လက်ထောက်ကထိက။ သူမ၏သုတေသနများမှာ ဒစ်ဂျစ်တယ်ငွေပေးချေရေးစနစ်များ၊ အလိုအလျောက်စနစ်နှင့် လုပ်သားအကြောင်းအရာများပါဝင်ပါတယ်။
  • Donhathai “Wow” Sutassanamarlee၊ Kenan Foundation Asiaရှိ စီးပွားရေ;နှင့် ကူးသန်းရောင်းဝယ်မှုဖွံ့ဖြိုးရေးအသင်း၏ အကြီးတန်းအကြံပေး

စုံညီဆွေးနွေးခန်း ၁၁။ ဒစ်ဂျစ်တယ်လုံခြုံရေးမိတ်ဆက်

အင်တာနက်အပေါ် ပိုမိုမှီခိုလာသည်နှင့်အမျှ ပြည်သူလူထုဟာ အွန်လိုင်းပေါ်တွင်ကျက်စားနေသည့် ဒစ်ဂျစ်တယ်အန္တရာယ်များစွာနဲ့ ပိုမိုထိတွေ့လာရပါတယ်။ ဆော့ဖ်ဝဲလ်အတုများမှတဆင့် မိမိ၏ကိုယ်ရေး အချက်အလက်များကိုရယူသည့် phishing မှစ၍ အွန်လိုင်းပေါ်တွင်အနှောင့်အယှက်ပေးခြင်းအထိ သည်လို ခြိမ်းခြောက်မှုများဟာ မည်သူကိုမဆို ပစ်မှတ်ထားနိုင်ပါတယ်။ ကောင်းမွန်သည့်ဒစ်ဂျစ်တယ်လုံခြုံရေး လုပ်ထုံးများဟာ အန္တရာယ်ကြုံလာနိုင်ခြေ နည်းနိုင်သမျှနည်းစေဖို့ သော့ချက်ဖြစ်ပါတယ်။

Learn more about the keynote panels

Learn more about the Day 1 Breakout Sessions

Join the Asia-Pacific Digital Rights Forum

To sign up for the forum and join these breakout sessions, register for an account on Forum.EngageMedia.org.

  1. Create your account by filling out the form here.
  2. Complete your profile information.
  3. Select from our various sessions on Days 1 to 3 and save your sessions.

Register for the Asia-Pacific Digital Rights Forum

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Leave a Comment Cancel Reply

Your email address will not be published. Required fields are marked *

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon Twitter Rss
  • Video
  • About
  • Team
  • Services
  • Projects
  • Jobs
  • Partners
  • Programs
  • Digital Rights
  • Open Technology
  • Video for Change
  • Updates
  • Blog
  • Newsletter
  • Podcast
  • Resources
  • Contact
  • Donate
  • Privacy Policy
  • Video
  • Blog
  • Podcast
  • Resources
  • About
  • Contact
  • Video
  • Blog
  • Podcast
  • Resources
  • About
  • Contact
This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact