This post is also available in: English Thai Indonesian Khmer
ဒေသတွင်းအတူလက်တွဲလုပ်ကိုင်ရေးအာဘော်ကို အခြေတည်၍ ပူးပေါင်းအဖွဲ့အစည်းများနှင့်လက်တွဲကာ EngageMedia မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှာ လူချင်းစုံညီ တစ်ပြေးညီပွဲများပြုလုပ်ပြီး ၃ ရက်တာ အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ်ကို ပိတ်သိမ်းသွားမှာဖြစ်ပါတယ်။
တတိယနေ့မှာတော့ ရှေ့ရက်များမှ အွန်လိုင်းဆွေးနွေးပွဲအာဘော်များကို အသေးစိတ်ရှင်းပြပြီး ပါဝင်သူများ အချင်းချင်း အမြင်များဖလှယ်စေနိုင်စေရန် လူချင်းတွေ့ဆုံချိတ်ဆက်နိုင်ဖို့အတွက် သီးသန့်ဆုံမှတ်တစ်ခု ဖန်တီးပေးသွားမှာဖြစ်ပါတယ်။
ပူးပေါင်းဖန်တီးရေးစိတ်ဓာတ်အရ EngageMedia ဟာ တစ်ပြေးညီပွဲများကို ပြုလုပ်ပေးနိုင်ဖို့အောက်ပါ အဖွဲ့အစည်းများနှင့် ပူးပေါင်းသွားမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်။
- Asia Centreဟာ အထောက်အထားအခြေပြုသုတသနများ၊ စုရုံးစည်းဝေးပွဲများပြုလုပ်နေပြီး လူ့အခွင့်အရေးပြဿနာများကို ကူညီတိုက်ဖျက်ပေးနေသည့် သုတေသနသိပ္ပွံတစ်ခုဖြစ်ပါတယ်။ သည်အဖွဲ့အစည်းဟာ EngageMedia နှင့်အတူ ထိုင်းနိုင်ငံတွင်း ကွန်ပြူတာပြစ်မှုဥပဒေနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အကြောင်း အစီရင်ခံစာ အပါအဝင် သုတေသနလုပ်ငန်းများ အတူလက်တွဲလုပ်ကိုင်ဖူးပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်
- Digitally Rightအဖွဲ့ဟာ အရှိန်အဟုန်နှင့်ပြောင်းလဲနေသော သတင်းအချက်အလက်ဂေဟစနစ် နှင့်အတူ လိုက်လျောညီထွေစွာလုပ်ဆောင်ဖို့ ပညာရပ်များနှင့် ဖြေရှင်းနည်းများပိုင်ဆိုင်ထားတဲ့ လွတ်လပ်သောမီဒီယာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများကို ထောက်ပံ့အားပေးနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်။
- The Southeast Asia Freedom of Expression Network (SAFEnet) ဟာ အရှေ့တောင်အာရှနိုင်ငံများအတွင်း ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအကြောင်း ပိုမိုသိရှိလာစေဖို့ စိစစ်ခြင်း၊ ထောက်ခံအားပေးခြင်း၊ အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှမှ စွန့်ပယ်ခံလူ့အဖွဲ့အစည်း များအတွက် တစ်ကိုယ်ရည်လုံခြုံရေးသတင်တန်းများပေးအပ်ခြင်းတို့ကို လုပ်ဆောင်နေပါတယ်။
- Indonesia Jentera School of Lawဟာ အရည်အချင်းပြည့်ဝသော ဥပဒေပညာရှင်များမွေးထုတ် ပေးပြီး ကောင်းမွန်သောအပြောင်းအလဲနှင့် ခိုင်မာသော ဥပဒေအပြောင်းအလဲများဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံတွင်း အရည်အသွေးမှီဥပဒေပညာရပ်ကို ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်။
- Jumpstart@65 ဟာ ပူးတွဲအဖွဲ့အစည်းများမှတဆင့် လူ့အဖွဲ့အစည်းဆိုင်ရာအစီအစဥ်များချမှတ် လုပ်ဆောင်ပေးနေသည့် ရပ်ဝန်းတစ်ခုဖြစ်ပါတယ်။ သည်စင်တာကို Hong Leong ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံတွင်း ပညာရေးတိုးတက်ရေးနှင့် လူမှုအဖွဲ့အစည်းဖွံ့ဖြိုးရေး အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်။
- Out of the Box Media Literacy Initiativeဟာ ဖိလစ်ပိုင်နိုင်ငံတွင်း မီဒီယာကျွမ်းကျင်လုပ်ထုံးများ ကျယ်ပြန့်လာစေရန် ကမ်ပိန်းများ၊ လုပ်ငန်းဆွေးနွေးပွဲများနှင့် အသိပညာပေးရင်းမြစ်များမှတဆင့် လုပ်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
Join the Asia-Pacific Digital Rights Forum
To sign up for the forum, register for an account on Forum.EngageMedia.org.
- Create your account by filling out the form here.
- Complete your profile information.
Select from our various sessions on Days 1 to 3 and save your sessions.