Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change
Search
Close this search box.
Search
Close this search box.

ဖိုရမ်မှသည် ပွဲတော်ဆီသို့။ အာဘော်များချိတ်ဆက်ခြင်း၊ စကားဝိုင်းများအတွက် နေရာများပိုမိုဖန်တီးပေးခြင်း

  • 29 March 2023
  • 5:09 pm
  • No Comments

This post is also available in: English ไทย Indonesia Khmer

EngageMedia အနေဖြင့် ၄ လသာလိုတော့သော မိမိတို့၏ ၂၀၂၃ ခုနှစ်အတွင်းအကြီးမားဆုံးပွဲဖြစ်လာမည့် အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးပွဲတော် အတွက် အရှိန်အဟုန်မြင့်လုပ်ဆောင်နေကြပါသည်။ မိမိတို့၏ ပါတနာများ၊ ပူးပေါင်းဆောက်ရွက်သူများနှင့်အတူ EngageMedia အဖွဲ့သားများမှ ယနေ့ကြု့တွေ့နေရသည့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဆိုင်ရာ အဓိကပြဿနာရပ်များကို နက်ရှိုင်းစွာလေ့လာနိုင်ပြီး ဒစ်ဂျစ်တယ်လူ့အခွင့်အရေးလှုပ်ရှားမှုနယ်ပယ်တွင်းရှိ မိတ်ဖက်များနှင့် ချိတ်ဆက်မှုအားကောင်းစေရန်ရည်ရွယ်သော ပွဲများ၊ လှုပ်ရှားမှုများနှင့် ပြည့်နှက်နေမည့် တစ်ပတ်တာအစီအစဥ်ကို အပတ်တကုတ်ရေးဆွဲနေကြပါသည်။

ပွဲတော်သို့ရှေးရှုရင်း ပွဲတော်စီစဥ်ရေးခရီးတစ်လျှောက်နှင့် လာမည့် ၂၀၂၃ မေလတွင် မည်သည်တို့ကိုမျှော်လင့်နိုင်မည်ကို မျှဝေပေးလိုက်ပါသည်။

အွန်လိုင်းအစည်းအဝေးများနှင့် ကွန်ရက်ချိတ်ဆက်ရန်အခွင့်အလမ်းများ ၂ နှစ်ကျော်ကြာ ပြုလုပ်ပြီးနောက်မှာ EngageMedia မှ ၂၀၂၂ ခုနှစ်မှစတင်ကာ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးပွဲများ ကျင်းပပြုလုပ်ရန် မျှော်မှန်းခဲ့ပါသည်။ အဲ့သည့်အချိန်ဟာ ဒေသတွင်း ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအပေါ် ကမ္ဘာ့ကပ်ရောဂါပိုး၏ သက်ရောက်မှုအကြောင်း ဆွေးနွေးရန်နှင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအသိုင်းအဝိုင်း အတွင်း မတူကွဲပြားသော မိတ်ဖက်များ၊ အသံများ စုစည်းရန် အသင့်လျော်ဆုံးကာလဖြစ်ပါသည်။

သည်ပွဲများ၏ဗဟိုတွင် ပူးတွဲဖန်တီးခြင်းနှင့် ပွင့်လင်းမြင်သာသောနည်းပညာဖြင့်ချဥ်းကပ်မှုကို အသုံးချခြင်းတို့ကို အထူးပြုထားပါသည်။ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ကျင်းပသည့် ဖိုရမ်များ၏ အစီအစဥ်နှင့် ဒီဇိုင်းများကို ၎င်းနိုင်ငံအသီးသီးတို့၏ စိန်ခေါ်မှုများနှင့် ဓလေ့ထုံးတမ်းများကို အကောင်းဆုံးသိရှိသော တက်ရောက်သူများနှင့် အပြောင်းအလဲပြုလုပ်သူများကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုထားခြင်းဖြစ်ပါသည်။ သည်ဖိုရမ်တို့မှတဆင့် မိမိတို့၏ စကားဝိုင်းများကို မိမိတို့လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သူများနှင့် ပူးတွဲကျင်းပသော စုံညီဆွေးနွေးခန်းများ၊ လူချင်းစုံညီတစ်ပြေးညီ စည်းလုံးပွဲများပါဝင်သည့် ၃ ရက်တာ အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ်နှင့်အတူ ပို၍ကျယ်ပြန့်သော ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအသိုင်းအဝိုင်းဆီသို့ ယူဆောင်လာပေးခဲ့ပါသည်။

သည်ပွဲများတစ်လျှောက်တွင် မိမိတို့ EngageMedia အနေဖြင့် မိမိတို့ကဲ့သို့သူများဆီမှ ဘုံအာဘော်များ၊ ပြဿနာရပ်များနှင် လုပ်ငန်းဆောင်တာများတွင် ကြုံတွေ့ရသော စိုးရိမ်ဖွယ်ရာများ၊ အသိုင်းအဝိုင်းတစ်ခုအနေဖြင့် ဆက်လက်ဆွေးနွေးရန်လိုအပ်သော ဆူးသဖွယ်ပြဿနာရပ်များ နှင့် သည်စိန်ခေါ်မှုတွေကို မိမိတို့မည်ကဲ့သို့အတူရပ်တည်ရင်ဆိုင်နိုင်မည်တို့ကို များစွာသင်ယူခဲ့ရပါသည်။

ဘုံစိန်ခေါ်မှုများနှင့် ပူးပေါင်းနားလည်ခြင်း

အာရှ-ပစိဖိတ်ဒေသတွင်း ဒစ်ဂျစ်တယ်လူ့အခွင့်အရေးစိန်ခေါ်မှုများ ဘုံသဘာဝနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးကြီးမှုတို့သည် လေးနိုင်ငံဖိုရမ်နှင့် ဒေသတွင်းအစည်းအဝေးများတလျှောက ဘုံအာဘော်များဖြစ်ခဲ့ပါသည်။ တက်ရောက်လာသူများမှ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအားပေးထောက်ခံသူများ ကြုံတွေ့ရသည့် ဘုံအန္တရာယ်များဖြစ်သည့် ထိုင်းနိုင်ငံတွင်း အစိုးရထောက်လှမ်းရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို တင်းကြပ်သည့် ဥပဒေများ၊ မလေးရှားနိုင်ငံတွင်း ဆင်ဆာစနစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတွင်း အွန်လိုင်း ဂျန်ဒါအခြေပြုအကြမ်းဖက်မှုနှင့် အမုန်းစကားများ စသည်တို့ကို တင်ပြခဲ့ပါသည်။

ဒေသတွင်းဖိုရမ်တွင် ဆွေးနွေးသူများမှ သည်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးစိန်ခေါ်မှုများတွင် စုဝေးကိန်းအောင်းနေသည့် အခြားပြဿနာရပ်များဖြစ်သည့် နည်းပညာရရှိပိုင်ခွင့်မရှိခြင်း၊ နည်းပညာထိပ်သီးများအပေါ် အာဏာစက်မညီမျှခြင်း နှင့် နည်းပညာနယ်ပယ်နှင့် အစိုးရမဟုတ်သောပုဂ္ဂိုလ်များအပေါ် စည်းကြပ်မှုများအားနည်းခြင်းတို့ကို ထောက်ပြသွားခဲ့ပါသည်။

သည်စိန်ခေါ်မှုများ၏သဘာဝအရ စည်းလုံးမှုတည်ဆောက်ချင်းနှင့် အပြန်အလှန်သင်ယူခြင်းတို့သည် အရေးပါပါသည်။ သည်လိုပြုလုပ်ရာတွင် မတူညီသောနိုင်ငံများမှ အဖွဲ့အစည်းများအချင်းချင်း လက်တွဲလုပ်ဆောင်ရုံမျှကို ဆိုလိုခြင်းမဟုတ်ပဲ အခြားနယ်ပယ်များဖြစ်သည့် ဥပဒေနယ်ပယ်၊ သတင်းထောက်နယ်ပယ်တို့မှ အမြင်များကို သယ်ဆောင်လာရင် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးနယ်ပယ်ကို ချဲ့ထွက်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ဒေသတွင်းဖိုရမ်အတွင်း EngageMedia ၏ Executive Director Phet Sayo မှ မိမိတို့ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုများ၏ နယ်ပယ်တစ်ခုမကသောသဘာဝအကြောင်း အသားပေးပြောဆိုခဲ့ပြီး ပူးပေါင်းနားလည်ခြင်းသည် ဘုံအားထုတ်မှုဖြစ်သင့်ကြောင်း ထောက်ပြခဲ့ပါသည်။ ထို့အတူ LIRNEasia မှ Helani Galpaya မှ တက်ကြွလှုပ်ရှားသူများအနေဖြင့် ပုံမှန်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဟစ်တိုင်များထက် ကျော်လွန်ကာ အခြားနယ်ပယ်များတွင်လည်း ပါရှိနေဖို့လိုအပ်သည့်အကြောင်း၊ ထိုမှသာ စံသတ်မှတ်ချက်များနှင့် မူဝါဒများ ချမှတ်သည့်စကားဝိုင်းများတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်နိုင်မည်ဖြစ်ကြောင်း ထောက်ပြခဲ့ပါသည်။

လူချင်းစုံညီ ၅ နိုင်ငံတစ်ပြေးညီပွဲများမှ တက်ရောက်လာသူများ၏ အဆိုအရ လှုပ်ရှားမှုအတွင်း ပြန်လည်သုံးသပ်ခြင်းဟာလည်း လိုအပ်ပြန်ပါသည်။ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအားပေးထောက်ခံမှုများ အားကောင်းစေရန် အဖွဲ့အစည်းများအနေဖြင့် အပြန်အလှန်သင်ယူခြင်း၊ ဒေသခံရှုထောင့်များအား အပြည့်အဝချိတ်ဆက်ခြင်းနှင့် ယခင်က အောက်မြင်မှုရှိခဲ့သည့် လူ့အခွင့်အရေးလှုပ်ရှားမှုများမှ သင်ယူခြင်းတို့အား လုပ်ဆောင်သင့်ပါသည်။

Screenshot from one of the breakout sessions during the three-day Asia-Pacific Digital Rights Forum

ဖြစ်ပေါ်နေဆဲစကားဝိုင်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ

ကမ္ဘာ့ကပ်ရောဂါပိုးမှ အွန်လိုင်း၊ မြေပြင်ပွဲများ ပိုမိုကျင့်သုံးလာစေရန် တွန်းအားပေးခဲ့သည်နှင့်အတူ EngageMedia မှ နိုင်ငံတွင်းဖိုရမ်များနှင့် ဒေသတွင်းအစည်းအဝေးများကို အာရှ-ပစိဖိတ်တဝှမ်း ဖြန့်ကျက်ထားသောအဖွဲ့များနှင့် ၁၅ နှစ်ကျော်ကြာ အွန်လိုင်းမှအလုပ်လုပ်ဆောင်ခဲ့သည့် အတွေ့အကြုံများဖြင့် အွန်လိုင်းနှင့် လူချင်းစုံညီပွဲများအဖြစ် ပေါင်းစပ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

အွန်လိုင်းစုံညီဆွေးနွေးခန်းများနှင့် အဓိကဆွေးနွေးပွဲများကို စီစဥ်ကျင်းပခြင်းဟာ မိမိတို့၏အဓိကပြဿနာရပ်တစ်ခုဖြစ်သည့် ပွင့်လင်းမြင်သာလုံခြုံသောနည်းပညာ (OST) ကိုအသုံးပြုရန် ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေပါသည်။ မိမိတို့သည် အွန်လိုင်းပွဲများအတွက် မည်သည့်ပလက်ဖောင်းကိုအသုံးပြုရမည်ကို အဖွဲ့တစ်ဖွဲ့အနေဖြင့် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပါသည်။ အခြားပွင့်လင်းမြင်သာသည့်ပလက်ဖောင်းများသည် ကန့်သတ်ချက်များရှိသည့်အတွက် မိမိတို့ Zoom ကိုရွေးချယ်ခဲ့ကြပါသည်။ OST ကိုဆက်လက်အသုံးပြုရန် နည်းလမ်းများရှာဖွေနေစဥ်အတွင်း သည်ပလက်ဖောင်းကို မိမိတို့ဆွေးနွေးညှိနှိုင်းရာနေရာအဖြစ် ဆက်လက်အသုံးပြုသွားမည်ဖြစ်ပါသည်။ ဖိုရမ်အတွင်း လူ့အခွင့်အရေးကာကွယ်သူများကြား ပွင့်လင်းမြင်သာလုံခြုံသောနည်းပညာကို အသုံးပြုခြင်းနှင့်ပတ်သက်သက်ပြီး ပြုလုပ်နေသော သုတေသန၏တစ်စိတ်တစ်ပိုင်းအဖြစ် ဆွေးနွေးခန်းတစ်ခုကို မိမိတို့ကျင်းပခဲ့ပါသည်။ ဤကဲ့သို့ စကားဝိုင်းများကို လာမည့်ပွဲတော်တွေလည်း များစွာထပ်မံမြင်တွေ့ရဖို့ မျှော်လင့်ထားပြီး စွန့်ပယ်ခံလူတန်းစားအသိုင်းအဝိုင်းများ၏ ရှုထောင့်များ၊ အမြင်များအပြင် အခြားတက်ရောက်လာသူများထံမှ တုံ့ပြန်မှုများကိုလည်း ရှေးရှုလျက်ရှိပါသည်။

BE PART OF THE CONVERSATION

At the Asia-Pacific Digital Rights Forum, participants from the five parallel events meet virtually to share learnings with the regional group

မိတ်ဖက်များနှင့် ပူးတွဲလုပ်ဆောင်ခြင်းများ ရင့်သန်စေခြင်း

ဖိုရမ်များတွပ် ထပ်ခါတလဲလဲ ဖော်ပြခဲ့သည့်အတိုင်း ပူးတွဲလုပ်ဆောင်ခြင်းသည် အရေးပါလှပါသည်။ သည်အရာသည် လာမည့်ပွဲတော်နှင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးပွဲများအား ကျင်းပရန် နောက်ကွယ်တွင် လုပ်ကိုင်ရသော လုပ်ငန်းဆောင်တာများအတွက်လည်း ပါဝင်ပါသည်။ EngageMedia အနေဖြင့် ဒေသတွင်းရှိ အခြေခိုင်ခံ့သောအဖွဲ့အစည်းများနှင့် ခိုင်မာသောမိတ်ဖက်များ တည်ဆောက်ထားနိုင်သည့်အတွက် ဂုဏ်ယူမိပါသည်။ စည်းလုံးပွဲများနှင့် စုံညီဆွေးနွေးခန်းများသည် Chulalongkorn University’s Faculty of Political Science,Social Technology Institute,Initiatives for Dialogue and Empowerment through Alternative Legal Services,Cambodian Center for Independent Media,Asia Centre,Digitally Right,Southeast Asia Freedom of Expression Network,Indonesia Jentera School of Law, Jumpstart@65,Out of the Box Media Literacy Initiativeနှင့် ၎င်းတို့၏ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို စုံညီဆွေးနွေးခန်းများအတွင်း မျှဝေခဲ့သော အဖွဲ့အစည်းများ၏ ပါဝင်ဖန်တီးမှုကြောင့်သာ ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ မိမိတို့၏လုပ်ဆောင်မှုကို ကူညီအားဖြည့်ပေးပါသော ရံပုံငွေထောက်ပံ့သူများဖြစ်သည့် Sida, ARTICLE19 နှင့် Association for Progressive Communications တို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

မိမိတို့ ပွဲတော်အတွက် ပြင်ဆင်နေသည့်အချိန်အတွင်း မိတ်ဖက်များနှင့် စည်းလုံးခြင်းသည်လည်း အဓိကအလေးထားစရာတစ်ခုအဖြစ် ရှိနေပါသည်။ မိမိတို့အနေဖြင့် ဆွေးနွေးပွဲများ၊ လိုတိုရှင်းစကားပြောခန်းများ၊ hackathonများ သို့မဟုတ် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအသိုင်းအဝိုင်းများ ဆုံစည်းမှုကို ဆင်နွှဲသည့်အားဖြင့် ကျင်းပသော ဖျော်ဖြေရေးနှင့် မိမိကိုယ်ကိုယ်အချိန်ပေးဂရုစိုက်သည့်အစီအစဥ်များ စတဲ့ ဆွေးနွေးခန်းမျိုးစုံကို စီစဥ်ပေးခြင်းအားဖြင့် မိမိတို့နှင့်အတူ အစီအစဥ်ကို အတူရေးဆွဲဖန်တီးရန် စိတ်ဝင်စားသည့် အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များကို ဖိတ်ခေါ်ခဲ့ပါသည်။ သည်ပွဲတော်သည် အပြောင်းလဲပြုလုပ်သူများအတွက် ချိတ်ဆက်ရန်၊ အပြန်အလှန်သင်ယူရန်နှင့် အတူတကွအလုပ်လုပ်ရန်နည်းလမ်းများ ရှာဖွေနိုင်ရန် နေရာတစ်ခုဖြစ်လာမည်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် ချင်းမိုင်တွင် ဖိုရမ်မှစကားဝိုင်းများနှင့် သည်မျက်နှာများကို ပြန်လည်မြင်တွေ့ရဖို့ မျှော်လင့်စောင့်ဆိုင်းနေပါသည်။

SUBMIT A SESSION PROPOSAL FOR THE FESTIVAL

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Leave a Comment Cancel Reply

Your email address will not be published. Required fields are marked *

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon Twitter Rss
  • Video
  • About
  • Team
  • Services
  • Projects
  • Jobs
  • Partners
  • Programs
  • Digital Rights
  • Open Technology
  • Video for Change
  • Updates
  • Blog
  • Newsletter
  • Podcast
  • Resources
  • Contact
  • Donate
  • Privacy Policy
  • Video
  • Blog
  • Podcast
  • Resources
  • About
  • Contact
  • Video
  • Blog
  • Podcast
  • Resources
  • About
  • Contact
This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact