Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

ဂျကာတာစည်းလုံးပွဲ။ အပြောင်းအလဲပြုလုပ်သူများမှ အင်ဒိုနီးရှားရှိ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးလှုပ်ရှားမှုအပေါ် ပြန်လည်သုံးသပ်ခြင်း

  • 30 March 2023
  • 1:25 pm

This post is also available in: English Thai Indonesian Khmer

အင်ဒိုနီးရှားမှ အပြောင်းအလဲပြုလုပ်သူများ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအနေဖြင့် ၎င်းတို့လုပ်ပိုင်ခွင့်နယ်ပယ်အတွင်း အားပေးထောက်ခံမှုလုပ်ငန်းများကို ပိုမိုအားကောင်းစေဖို့ ပြန်လည်သုံးသပ်ရန် ထောက်ပြပြောဆိုနေပုံ

လွန်ခဲ့သည့် ၂၀၂၃၊ ဇန်နဝါရီ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ် တတိယနေ့ ဂျကာတာစည်းလုံးပွဲတွင် အင်ဒိုနီးရှားမှ အပြောင်းအလဲပြုလုပ်သူများက နိုင်ငံတွင်း ဒစ်ဂျစ်တယ်လူ့အခွင့်အရေးလှုပ်ရှားမှုများ အားကောင်းစေရန် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအကြောင်း ပြန်လည်သုံးသပ်ခဲ့ကြပါသည်။

EngageMedia မှ Southeast Asia Freedom of Expression Network (SAFEnet) နှင့် Indonesia Jentera School of Law တို့နှင့်အတူ ပူးတွဲကျင်းပသော ဤပွဲဟာ ဒါကာ၊ ဘန်ကောက်၊ ကွာလာလမ်ပူနှင့် မနီလာမြို့တို့ရှိ ပွဲများနှင့်အပြိုင် တစ်ပြေးညီကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အင်ဒိုနီးရှားရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှုအပေါ် ပြန်လည်သုံးသပ်ခြင်း

ပွဲချိန်အတွင်းမှာ တက်ရောက်လာသူများမှ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးများအပေါ် ခြိမ်းခြောက်မှုများအကြောင်း ပုံမှန်ဆွေးနွေးမှုများကို ခေတ္တရပ်နားလိုက်ပြီး ဒစ်ဂျစ်တယ်လူ့အခွင့်အရေးလှုပ်ရှားမှုအတွင်း ကြုံတွေ့နေရသည့်စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြပါသည်။ EngageMedia ၏ Digital Rights Landscape သုတေသနမှ ယခင်ရှာဖွေေတွေ့ရှိမှုများအပေါ် အခြေခံ၍ “အားလုံးပါဝင်သောလုပ်ငန်းခွင်တစ်ခု ပျိုးထောင်ခြင်း၊ အာရှ-ပစိဖိတ်ဒေသတွင်း ပိုမိုအားကောင်းသော အခြေခံကွန်ရက်များ တည်ဆောက်ခြင်း၊ အဖွဲ့အစည်းတွင်းနှင့် အဖွဲ့အစည်းများအချင်းချင်း ဗဟုသုတစီမံခန့်ခွဲထိန်းသိမ်းခြင်း၊ နည်းပညာဆိုင်ရာ အခြေခံအဆာက်အအုံနှင့် အဖွဲ့အစည်းတွင်း ဒစ်ဂျစ်တည်လုံခြုံရေးတည်ဆောက်ခြင်း နှင့် အလှူရှင်များနှင့် ရံပုံငွေများထိန်းသိမ်းခြင်း” စသည့် သီးခြားဖြစ်သော်လည်း ဆက်နွယ်နေသည့်ပြဿနာရပ် ၅ ခုအဖြစ် ခွဲထုတ်ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးမှုများအတွင်း တက်ရောက်လာသူများမှ ၎င်းတို့၏ အားပေးထောက်ခံမှု လုပ်ငန်းဆောင်တာများအတွင်း အဓိကစိုးရိမ်ဖွယ်ရာများအား မျှဝေခဲ့ပါသည်။ ထိုသို့မျှဝေရာ၌ ကမ်ပိန်းများတွင် ပရိသတ်များ လူ့အခွင့်အရေးပြဿနာရပ်များကို စာနာလာစေရန်နှင့် အခြားပြဿနာရပ်ဝန်းများအား နားလည်သဘောပေါက်သည့် အသိုင်းအဝိုင်းတစ်ခုတည်ဆောက်နိုင်ရန် ပုံပြင်ဇာတ်လမ်းများ အသုံးချခြင်း စတဲ့ နည်းဗျူဟာကောင်းများရှာဖွေခြင်းတို့ပါဝင်ပါသည်။

ရံပုံငွေသည်လည်း အဓိကစိုးရိမ်စရာတစ်ခုဖြစ်ပြီး တက်ရောက်လာသူများမှ လက်ရှိရံပုံငွေထောက်ပံ့မှုပုံစံများနှင့် လုပ်ထုံးလုပ်နည်းများသည် မီးစာကုန်ခမ်းလာသည့်အကြောင်း ပြောဆိုခဲ့ကြပါသည်။ တက်ရောက်လာသူများမှ တက်ကြွလှုပ်ရှားသူများ၏ လုပ်ငန်းဆောင်တာများကို ပိုမိုအားပေးကူညီနိုင်ရန် ၎င်းလုပ်ထုံးလုပ်နည်းများနှင့် မူဝါဒများကို မွမ်းမံဖို့ ပြောဆိုခဲ့ကြပါသည်။

တက်ရောက်လာသူများမှ အရပ်ဖက်လူမှုအဖွဲ့အစည်းများကြား စနစ်ကျသည့် ဗဟုသုတမျှဝေမှု မရှိခြင်းကြောင့် လုပ်ငန်းဆောင်တာများထပ်ခြင်း၊ ပိုလျှံခြင်းတို့ဖြစ်ပေါ်နေကြောင်း ထောက်ပြခဲ့ကြပါသည်။ အရပ်ဖက်လူမှုအဖွဲ့အစည်းများအချင်းချင်း တစ်ဖွဲ့ဘာလုပ်နေသည်ကို တစ်ဖွဲ့အကြမ်းဖျင်းနားလည်ထားသော်ငြားလည်း အချင်းချင်းချိတ်ဆက်အလုပ်လုပ်ကိုင်မှုမရှိသေးပါ။

ဒစ်ဂျစ်တယ်လူ့အခွင့်အရေးလှုပ်ရှားမှုတွင်းရှိ မွမ်းမံရန်လိုအပ်သော နယ်ပယ်များကို ပြန်လည်သုံးသပ်ခြင်းဟာ စည်းလုံးမှုအားကောင်းရန်အတွက် အရေးကြီးသောလုပ်ရပ်ဖြစ်ပါသည်။ တက်ရောက်လာသူများမှ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးပြဿနာရပ်များဟာ ပိုမိုရှုပ်ထွေးလာပြီး ဤပြဿနာရပ်အများစု၏ အလွှာပေါင်းစုံနှင့် နယ်ပယ်တစ်ခုမကပါဝင်သော သဘောသဘာဝအပေါ် ပိုမိုသိမ်မွေ့သောနည်းလမ်းများဖြင့် ချဥ်းကပ်ရန်လိုအပ်လာကြောင်း ထောက်ပြခဲ့ပါသည်။

ဒစ်ဂျစ်တယ်လူ့အခွင့်အရေး အားပေးထောက်ခံမှုကို ကူညီရာတွင်
အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏လုပ်ဆောင်နိုင်စွမ်းအား မည်ကဲ့သို့ အကောင်းဆုံးမွမ်းမံနိုင်မည့်အကြောင်း ဆွေးနွေးခန်းသည် ဤပွဲ၏ အဓိကကောက်နုတ်ချက် တစ်ခုဖြစ်ပါသည်။ တက်ရောက်လာသူများမှ ပိုမိုထိရောက်သည့် အားပေးထောက်ခံမှုများထွက်ပေါ်လာစေရန် အသိပညာထုတ်လုပ်မျှဝေနိုင်ရေးအတွက် ပိုမိုကောင်းမွန်သော သင်ထောက်ကူများ၊ သင်တန်းများလိုအပ်ကြောင်း အလေးထားပြောဆိုခဲ့ကြပါသည်။ အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် အကြီးအကဲပေါင်းစုံ၏ရှုထောင့်များလိုအပ်သည့် ဖြေရှင်းနည်းများကို လက်တွဲရှာဖွေနိုင်ရန်အတွက် အဖွဲ့အစည်းတွင်းနှင့် အခြားပြဿနာရပ်ဝန်းများအပေါ် လုပ်ကိုင်နေသည့် အဖွဲ့အစည်းများအား ဗဟုသုတများမျှဝေပေးဖို့လည်း လိုအပ်ပါသည်။

အပြောင်းအလဲပြုလုပ်သူများအနေဖြင့် သည်နေရာမှာ ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်ဖို့ EngageMedia မှဖိတ်ခေါ်အပ်ပါသည်။ Forum.EngageMedia.org/Discuss.

READ HIGHLIGHTS FROM DAY 1

READ HIGHLIGHTS FROM DAY 2

READ HIGHLIGHTS FROM DAY 3

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact