Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

‘Black Out’ ဒါရိုက်တာ​ – “မြန်မာ့အာဏာသိမ်းမှုအလွန် ဝါဒဖြန့်ခြင်းအားခုခံခြင်းနှင့် အမှန်တရားရှာဖွေခြင်း

  • 31 March 2022
  • 10:06 am

This post is also available in: English

‘Black Out’ ရုပ်ရှင်သည် Tech Tales အဖွဲ့၏ အာရှပစိဖိတ်ဒေသတွင်း ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ ရုပ်ရှင်ကဏ္ဌ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဒစ်ဂျစ်တယ်ခေတ်၏ လူ့အခွင့်အရေးဆိုင်ရာအကြောင်းအရာများကို အသားပေးဖော်ပြထားသောဇာတ်လမ်းများကိုပြသသောEngageMedia ၏ရုပ်ရှင်ရိုက်ကူးရေးတစ်ခုဖြစ်သည်။ ဤတင်ပြခြင်းသည် ရုပ်ရှင်ရိုက်ကူးသူက EngageMedia သို့ပြောကြားထားသည့်အတိုင်းရေးသာထားသော ရုပ်ရှင်၏နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ၊ အကြောင်းအရာနှင့်ကျိုးကြောင်းဆက်စပ်မှုများကိုဖော်ထုတ်ပြသထားသော ဆောင်းပါးတွဲတစ်ခု၏ အစိတ်အပိုင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်၏အစိုးရနေရာအားတာဝန်ယူခဲ့ခြင်းသည် နိုင်ငံ၏ဒီမိုကရေစီစနစ်ယိမ်းယိုင်ခြင်းသို့ ရောက်ရှိစေရုံသာမက မြန်မာပြည်သူတို့၏ဘဝဒုက္ခအတိရောက်ခဲ့ရတယ်။ ရုပ်ရှင်ရိုက်ကူးသူတစ်ဦး (လုံခြုံရေးအရအမည်ဖော်ပြခြင်းမပြုပါ)က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမှားပျံ့နှံ့ခြင်း၊ သတင်းအချက်အလက်ပြတ်တောက်ခြင်းတွေကို မျက်မြင်သက်သေအနေဖြင့်ထွက်ဆိုခဲ့ပြီး မသေချာမရေရာသောလူမှုပတ်ဝန်းကျင်တွင် မှန်ကန်သောသတင်းအချက်အလက်များရှာဖွေနေရတဲ့မိသားစုတစ်ခုရဲ့ဇာတ်လမ်းအကြောင်းအရာကို ရိုက်ကူးထားတဲ့ Black Out ရုပ်ရှင်ဖန်တီးဖို့ အကြောင်းဖန်လာခဲ့တယ်။
“အင်တာနက်ပြတ်တောက်မှုပြီးနောက် သတင်းမှားဖြန့်ဝေခြင်းဟာ လူမှုပတ်ဝန်းကျင်မှာကြီးမားတဲ့ပြဿနာတစ်ရပ်ဖြစ်လာခဲ့တယ်” လို့ ၎င်းရုပ်ရှင်ရိုက်ကူးသူက ပြန်ပြောပြခဲ့ပါတယ်။ သတင်းတစ်ခုစီတိုင်းကိုပုံကြီးချဲ့ထားခဲ့ပြီး..(သူတို့ရဲ့)ဒစ်ဂျစ်တယ်အခွင့်အရေးအကြောင်းမသိတဲ့သူတွေဟာ သားကောင်ဖြစ်လာခဲ့တယ်။
“တစ်ချိန်တည်းမှာဘဲ အင်တာနက်ဖြတ်တောက်ခြင်းဟာ ကျွန်တော်တို့ရဲ့ လုံခြုံရေးအပေါ်သက်ရောက်မှုတွေ ရှိလာခဲ့တယ်။ တိကျခိုင်မာတဲ့သတင်းတွေမသိရတာက ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အမှန်တကယ်ဖြစ်ပျက်နေတဲ့အရာတွေကို မသိတာနဲ့တူတူဘဲ”လို့လည်း ထပ်ပြီးပြောပြခဲ့ပါတယ်။
“စစ်ကောင်စီက သူတို့ရဲ့အာဏာခိုင်မြဲစေဖို့နဲ့ ဝါဒဖြန့်ခြင်းလုပ်ငန်းစဉ်အတွက် အင်တာနက်ဖြတ်တောက်ခြင်းအပြင် သတင်းမှားဖြန့်ဝေတဲ့ နည်းဗျူဟာတွေကိုအသုံးပြုခဲ့တယ်” လို့ရုပ်ရှင်ရိုက်ကူးသူကဆိုပါတယ်။ လူမှုမီဒီယာဟာ အကြောက်တရားဖြန့်ကျက်ဖို့အတွက် တရားခံတွေရဲ့ပုံတွေကို ရည်ရွယ်ချက်ရှိရှိထည့်သွင်းထားတဲ့နေရာတစ်ခု ဖြစ်နေခဲ့တယ်။အင်တာနက်ရရှိမှုကန့်သတ်ထားတာအပြင် စစ်ကောင်စီက ဖေ့စ်ဘုတ်နဲ့တခြားသတင်းပေးပို့တဲ့ဝန်ဆောင်မှုတွေကိုပိတ်ဆို့တာတွေ၊ သတင်းမီဒီယာနဲ့သက်ဆိုင်တဲ့ လိုင်စင်တွေကိုပြန်လည်ရုတ်သိမ်းတာတွေ၊ အီးမေးလ်၊စကားပြောဆိုတာတွေနဲ့ တခြားသော အီလက်ထရောနစ်ဆက်သွယ်ရေးတွေကို စစ်အစိုးရက စောင့်ကြည့်နိုင်အောင် အင်တာနက်ဝန်ဆောင်မှု ပေးသူတွေကို spyware တွေတပ်ဆင်ဖို့ အမိန့်ပေးတာတွေ ပြုလုပ်ခဲ့တယ်။ အဲ့ဒီထိတ်လန့်ဖွယ်ရာနည်းလမ်းတွေနဲ့ သတင်းမှားဖြန့်တဲ့နည်းဗျူဟာတွေဟာ တက်ကြွလှုပ်ရှားသူတွေနဲ့ စိုးရိမ်နေတဲ့ပြည်သူတွေကြားထဲမှာရှိတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ပျက်စီးစေတဲ့အပြင် စစ်အာဏာသိမ်းခြင်းကို တွန်းလှန်ဖို့အတွက် ကြိုတင်ကြိုးစားအားထုတ်မှုဖြစ်ခဲ့ပါတယ်။
Black out ကိုဖန်တီးရခြင်းအကြောင်းက စစ်အစိုးရဟာ ဒစ်ဂျစ်တယ်အသိုက်အဝန်းကို တင်းကျပ်တဲ့ထိန်းချုပ်မှုပြုလုပ်ပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်တဲ့ လမ်းကြောင်းတွေကို ဖယ်ကျဉ်ထားတဲ့ ပြင်းထန်တဲ့ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြန်လည်စတင်ပြီး မြန်မာပြည်သူတွေရဲ့ဒစ်ဂျစ်တယ်နှင့်လူ့အခွင့်အရေးတွေကို ချုပ်ချယ်ဖို့ကြိုးပမ်းတာတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

Watch the film | ရုပ်ရှင်ကိုကြည့်ရှုခံစားကြည့်ကြရအောင်

လုံခြုံရေးပိုင်းဆိုင်ရာစွန့်စားမှုများကြားထဲတွင် ဇာတ်လမ်းတစ်ပုဒ် ကြိုးစားဖန်တီးခြင်း

ဒီလိုမျိုးမတည်ငြိမ်တဲ့အခြေအနေမှာ ဆန္ဒပြသူတွေနဲ့သတင်းသမားတွေဖမ်းဆီးခံရတာတွေ ပြည်သူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေရုတ်သိမ်းခံရတာတွေနဲ့အတူ “Black Out” အဖွဲ့ဟာလည်း ဗွီဒီယိုထုတ်လုပ်ရေးကြိုးပမ်းအားထုတ်ရာမှာ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။
“အာဏာသိမ်းပြီးကတည်းက ရုပ်ရှင်ရိုက်ကူးသူတွေနဲ့သတင်းထောက်တွေဟာ ထောင်ချခံရတာတွေနဲ့ ကြုံခဲ့ရတယ်။ စစ်သားတွေသတိထားမိစေတဲ့ ကင်မရာတွေကိုင်ပြီး လမ်းပေါ်ထွက်ဓာတ်ပုံရိုက်လို့မရဘူး။ ဘယ်သူမှမရိပ်မိစေဘဲ ရိုက်ကူးရေးကိုလုပ်နိုင်အောင် ခက်ခက်ခဲခဲရွေးချယ်ပြီးလုပ်ခဲ့ရတယ်။” လို့ ရုပ်ရှင်ရိုက်ကူးသူက ပြောပါတယ်။
ဒီလိုကန့်သတ်ချက်တွေကြားထဲမှာ သူတို့လုံခြုံရေးအတွက် သေချာအောင် ရိုက်ကူးရေးကိုအဖွဲ့ဝင်အနည်းငယ်နဲ့အိမ်တစ်အိမ်မှာ သရုပ်ဆောင်ရဲ့မျက်နှာကိုမပြဘဲ ဂရုတစိုက်ရိုက်ကူးခဲ့ရတယ်။ဒါ့အပြင် ရိုက်ကူးရေးထဲက သရုပ်ဆောင်တစ်ယောက်က ကိုဗစ်လက္ခဏာပြလာတဲ့အတွက် ရိုက်ကူးရေးအဖွဲ့သားတွေကို မိမိဘာသာသီးခြားခွဲနေခိုင်းလိုက်ရတဲ့အတွက် ကိုဗစ်-၁၉ ကပ်ရောဂါကလည်း ရိုက်ကူးရေးအတွက် အခက်အခဲတစ်ခု ထပ်ဖြစ်လာခဲ့တယ်။
“အိမ်တစ်အိမ်တည်းမှာရိုက်ကူးပြီး သရုပ်ဆောင်ရဲ့မျက်နှာကိုမဖော်ပြဘဲ ဖန်တီးရတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ ကန့်သတ်ချက်တွေများတယ်။ဒါပေမယ့် ကျွန်တော်တို့ရိုက်ကူးရေး အဖွဲ့သားတွေနဲ့ သရုပ်ဆောင်တွေရဲ့ ပြင်းထန်တဲ့ဆန္ဒတွေကြောင့် ကိုယ်တိုင်စွန့်စားပြီး ရိုက်ကူးရေးကို အန္တရာယ်ကင်းစွာနဲ့ အကောင်းဆုံးလုပ်ခဲ့တယ်” လို့ ရုပ်ရှင်ဖန်တီးသူကပြောပါတယ်။

ဒစ်ဂျစ်တယ်အခွင့်အရေးများကို ငြင်းဆိုမှုအပေါ် အသိပညာပေးခြင်း

မြန်မာနိုင်ငံရဲ့ဒစ်ဂျစ်တယ်အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး ဇာတ်ကားရဲ့ပေးလိုတဲ့ အကြောင်းအရာဟာ အာဏာသိမ်းမှုတစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ လူ့အခွင့်အရေးနဲ့ ဒစ်ဂျစ်တယ်အခွင့်အရေးအပေါ် ခြိမ်းခြောက်မှုအသစ်နဲ့အတူ ကျရောက်လာတာနဲ့တပြိုင်နက် ပိုပြီးအချိန်ကိုက်ဖြစ်လာခဲ့တယ်။ ဒစ်ဂျစ်တယ်အခွင့်အရေးထောက်ခံအားပေးသူတွေက အဆိုတင်သွင်းထားတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေဟာ “အွန်လိုင်းအရပ်ဘက်ဆိုင်ရာအသိုက်အဝန်းအတွက် သေခြင်းတရား ဖြည့်တင်းထားတဲ့ဥပဒေ” ဖြစ်ကြောင်း သတိပေးပြောဆိုကြတယ်။

ရုပ်ရှင်ရိုက်ကူးဖန်တီးသူက Black Out နဲ့အတူ နိုင်ငံရဲ့ဝါဒဖြန့်မှုကိုခုခံကာကွယ်ပြီး မမှန်ကန်တဲ့သတင်းတွေကိုတိုက်ထုတ်ဖို့အတွက် အသိပညာပေးတာတွေကို မြှင့်တင်လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ “ဒေသခံတွေကြားထဲမှာ သတင်းမှားတွေနဲ့ပတ်သက်တဲ့အသိပညာပေးခြင်းတွေမြှင့်တင်ဖို့ ဒီရုပ်ရှင်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေနဲ့ ပြောင်းလဲသူတွေအနေနဲ့လည်း ဒီရုပ်ရှင်ကို အင်တာနက်ဖြတ်တောက်မှု၏ပြင်းထန်မှုကိုပြသပြီး ကျွန်ုပ်တို့၏အခွင့်အရေးအတွက် ခိုင်လုံသောသတင်းရရှိဖို့ ပြောဆိုတဲ့အခါ အကိုးအကားတစ်ခုအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။”

EngageMedia ဟာ ဆက်လက်ပြီး ရပ်ရွာစိစစ်ရေး၊မီဒီယာ၊ပညာရေးဆိုင်ရာနှင့် စည်းရုံးရေးမိတ်ဖက်တွေကို ရှာဖွေလျက်ရှိပါတယ်။ စိတ်ဝင်စားတဲ့မိတ်ဖက်တွေအနေနဲ့ Tech Tales Partners page မှတဆင့် ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ်။

PARTNER WITH US ON TECH TALES
This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact